Wednesday, September 11, 2013

ကမ္ဘာကျော် အင်းလေးကန်ရဲ့ အထင်ကရ ဖောင်တော်ဦး စေတီအတွင်းရှိ ရှင်ဥပ္ပဂုတ္တကျောင်းဆောင် ထားရှိရာရေကန်မှ အမှိုက်များအား ဖယ်ရှားပေးစေလို..


မြန်မာ့ဂုဏ်ဆောင် အင်းလေးကန်ရဲ့ အထင်ကရ ဖောင်တော်ဦးစေတီအား အနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များ လာရောက်ဖူးမျှော် ကြည့်ရှုရာ စေတီပုရဝဏ်အတွင်းရှိ ရှင်ဥပ္ပဂုတ္တကျောင်းဆောင် ရှိရာရေကန်အတွင်းမှာတော့ ပတ်ဝန်းကျင်မှ သဘာဝရှုခင်း မြင်ကွင်းများနှင့် မအပ်စပ်လှစွာ အမှိုက်သရိုက်များနဲ့ ပြည့်နှက်နေပါသည်..။ လိပ်ကန်ဟု ဆိုသော်လည်း ရေနေ သက်ရှိသတ္တဝါများထားရှိရာ ရေကန်နှင့် မအပ်စပ်လှစွာ အရုပ်ဆိုး အကျည်းတန်သော လူမြင်ကွင်းမှ မြင်ကွင်းတခု ဖြစ်နေပါသည်..။

သိုဖြစ်ပါ၍ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ အလည်အပတ် ရောက်ရှိရာ ဖောင်တော်ဦး စေတီအတွင်း အများမြင်ကွင်း အတွင်းမှ အမှိုက်သရိုက်များအား သက်ဆိုင်ရာ စေတီအတွင်းမှ တာဝန်ရှိသူများမှ ဖယ်ရှားရှင်းလင်း ပေးပါရန် တိုက်တွန်းအပ်ပါသည်..။

(ခေတ္တ)အင်းလေး

No comments:

Post a Comment