Friday, September 13, 2013

ထောင်တွင်းမှာအစာငတ်ခံဆန္ဒပြနေသူ ဒေါ်နော်အုန်းလှရဲ့ကျန်းမာရေးအခြေနေကို လိုအပ်ပါကရေးပေါ်ဆေးကုသမှုပေးဖို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဖွဲ့ထားပြီး စောင့်ကြည့်နေတယ်လို့ အဲသည်ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့၊ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မုံရွာထောင်ကနေ မန္တလေးအိုးဘိုထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ ဒေါ်နော်အုန်းလှ ဟာ ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြနေတာ ယနေ့အထိ (၁၆) ရက်ရှိသွားပြီဖြစ်ပြီး ခန္ဓာကိုယ်တွင်း အချိုဓါတ် နည်းပါးတာက လွဲလို့ ကျန်းမာရေးအခြေအနေပုံမှန် ရှိနေတယ်လို့ ဆိုပါတယ်။
တကယ်လို့ ဒေါ်နော်အုန်းလှရဲ့ကျန်းမာရေးစိုးရိမ်စရာ ဖြစ်လာခဲ့ရင် လိုအပ်တဲ့ဆေးကုသမှုကို မဖြစ်မနေဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ ထံက သိရပါတယ်။

The Modern News Journal'

No comments:

Post a Comment