Wednesday, September 11, 2013

ဒီနေ့ ဖတ်လိုက်ရတဲ့ သတင်းကြောင့် ငါ တောက်တစ်ချက်ခေါက်မိတယ် ............ ငါ့ရဲဘော် ငါ့သွေးသောက်တွေ အတွက် မင်းတို့ အသက်ပြန်ရမှ ငါကျေနပ်မယ် ....... လင်းလက်စစ်သွေး


ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက လခရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ၂ ခါဖြစ်ခဲ့ပြီး နေ့ခင်းဘက်မှာ ၃ ယောက် ကျဆုံးသွားခဲ့ကာ ညဘက် အနီးကပ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လိုက်သွားခဲ့တဲ့ စစ်တပ်ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူစုကွဲသွားတဲ့ အရာရှိကို KIA မှ ဖမ်းမိ သွားခဲ့ပါတယ်... အဖမ်းခံခဲ့ရတဲ့ အရာရှိ (ဗိုလ်ဇော်မျိုးထက်) ကို ဒဏ်ရာရနေတဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ်ကာ ဗိုက်ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေကိုပါ သတ်ခဲ့ပါတယ်...

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အရာရှိကတော့ အပတ်စဉ် ၅၂ မှ ဖြစ်ပြီး မိဘများကတော့ ရန်ကုန်ကပါ.. အခု သားကို ရိုးရိုးတိုက်ပွဲ ကျသွားတယ်လို့ပဲ သိရှိထားတဲ့ မိဘတွေကတော့ တပ်ကို လိုက်သွားကြပြီလို့ သိရှိရပါတယ်...

(ကျန်ရစ်သူမိသားစု များနှင့် ထပ်တူ ၀မ်းနည်းကျေကွဲလျှက်)

>> သွေးသစ္စာ <<

No comments:

Post a Comment