Wednesday, September 11, 2013

ဆရာမ ဒေါ်စိုးစိုးခိုင် အလုပ် ထုတ်ပယ်သည့်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရန် တက္ကသိုလ် ဆရာ၊ ဆရာမ အသင်း ၅ ခု စီစဉ် Popular Myanmar News Journal

ဆရာမ ဒေါ်စိုးစိုးခိုင်ကိစ္စနှင့် ပတ်သက်၍ ၁၅ရက်အတွင်း ပြေ လည်အောင် ဖြေရှင်းပေးပါ ရန် ပညာရေးဝန်ကြီးဌာနသို့ တောင်းဆို ထားမှုမှာ အရာမထင်၍တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခုက ဥပဒေကြောင်းအရ ရင်ဆိုင်သွားတော့ မည်ဟု ထုတ်ဖော်ပြောဆိုသည်။

တရားဝင် ရပ်တည်နေသော တက္ကသိုလ် ဆရာ၊ ဆရာမအသင်း ၅ ခုကကြေညာချက် ထုတ်ကာ ပညာရေးဝန်ကြီးဌာနသို့ တောင်းဆို ထားခြင်းအပေါ် ပညာရေးဝန် ကြီးဌာနဘက်မှ မတုံ့ပြန်သည့်အပြင် သတ်မှတ်အချိန်လည်း ပြည့် ပြီဖြစ်၍ ထိုသို့စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမအသင်း ဥက္ကဋ္ဌဦးသန်းထိုက်အောင်က ”အခုကျွန်တော်တို့ အသင်းတွေ အားလုံးစုပြီး အသေးစိတ်ကို တိုင် ပင်ကြတော့မယ်” ဟု ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့ နယ်၊အထက(၅)မှအလယ် တန်းပြဆရာမ ဒေါ်စိုး စိုးခိုင်ကို ခွင့်မဲ့ပျက်ကွက်၊ ခွင့်ပြုချက်မဲ့ ခရီးဝေး ထွက်ခြင်းနှင့် နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပါ ဝင်ပတ်သက်ခြင်းဟူသော စွဲချက်ဖြင့် ပညာရေး ဝန်ကြီးဌာနက မယူမနေရ ပင်စင်ဖြင့် အငြိမ်းစား ပေး လိုက်ခြင်း၊ ထို့နောက် ရက်ပိုင်းအကြာတွင် အငြိမ်း စားပေးခြင်းအစား ထုတ်ပယ်မှုပြုသည်ဆို သော အမိန့်ထပ်မံချမှတ်ခဲ့သည်။

အရှေ့ပိုင်းတက္ကသိုလ် ဆရာ၊ဆရာမအသင်း ဥက္ကဋ္ဌက ”ဥပဒေအရပဲ သွားမှာပါ။ ILO ဆီကို အသိပေးထား ပြီးပါပြီ။ ဘာဆက်လုပ်ကြမလဲ ဆိုတာကို ဆွေးနွေးပြီး ထုတ်ပြန်ပေးမှာပါ” ဟု ပြောသည်။

၂၆ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် လိုက်ပြီး သြဂုတ် ၃ဝ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာနက မြန်မာ့အလင်း သတင်းစာမှ တစ် ဆင့် ဆရာမဒေါ်စိုးစိုးခိုင်ကိစ္စနှင့် ပတ်သက်ကာ ဖြေရှင်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

သို့သော် တက္ကသိုလ်ဆရာ၊ဆရာမအသင်း မှ အဆိုပါ ရှင်းလင်းမှုကို မကျေနပ်၍ သြဂုတ်လ ၃ဝ ရက်နေ့တွင် ကန့်ကွက်ကြောင်း ချက်ချင်း တုံ့ပြန်ခဲ့သည်။

ထုတ်ပယ်ခံရသူ ဆရာမ ဒေါ်စိုးစိုးခိုင်က အမှန်နဲ့အမှားတိုက်ပွဲဝင်နေကြတာ ကို စောင့်ကြည့် ပေးကြပါ”ဟု ပြောသည်။

လက်ရှိ အဖြစ်အပျက်သည် ပညာတတ် အသိုင်း အဝိုင်းအကြား မတရားနေ မှုပေါ် တိုက်ပွဲ ဝင်နေကြခြင်းဖြစ်ပြီး အသင်းအပေါ် ၄င်းအနေ ဖြင့် အားကိုးပါကြောင်း ဆက်ပြောသည်။

သို့သော် တက္ကသိုလ်ဆရာ၊ဆရာမအသင်း ၏ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနထံသို့ ဆက်သွယ်မေးမြန်း ရာမည်သည့်မှတ်ချက် ကိုမှ မရရှိခဲ့ပေ။

PN-051

No comments:

Post a Comment