Wednesday, September 11, 2013

ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ် လုပ်ကိုင် သည့် Day Club အား စစ်ဆေး ကာ ပိတ်သိမ်း

ဗဟန်းမြို့နယ် ၊ ရွှေတောင်ကြား (၂) ရပ်ကွက်၊ ကမ္ဘောဇ လမ်း၊ အမှတ် (၁၅) တွင် (Black & White) အမည်ဖြင့် Day Club ဖွင့်လှစ် ထားပြီး ဆယ်ကျော်သက် အရွယ် ကျား/မ လူငယ်များ အ ရက်သေစာ သောက်စား ကာ ဆူညံစွာ ကခုန်လျက် ရှိသည့် အတွက် အနီး ပတ်ဝန်းကျင် ရှိ ပြည် သူ များ စိတ် အနှောက် အယှက်ဖြစ်ရကြောင်း၊ Club မှ ထွက်လာ သည့် လူငယ်များ သည် မူးယ စ်ေ န ကြ ၍ ယာဉ်များ အား အရှိန်ပြင်း စွာမောင်းနှင်ခြင်း ၊ ခိုက် ရန်ဖြစ် ပွားခြင်း များ မကြာ ခဏ
ဖြစ်ပေါ်လေ့ ရှိကြောင်း သတင်း ရရှိ သဖြင့် ၉.၉.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် တွင် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်စည်ပင် သာယာ လက်ထောက် အုပ် ချုပ်ရေး မှူး တို့ပါဝင်သော အဖွဲ့မှ သွားရောက် စစ်ဆေး ခဲ့ပါသည်။

ထိုသို့ စစ်ဆေး ခဲ့ရာ ဆိုင်နှင့် ပတ်သက် သည့် ယစ်မျိုး လိုင်စင်၊ လုပ်ငန်း လိုင်စင်၊ ဗီဒီယို လိုင် စင် များ မရှိ သဖြင့် ၁၀.၉.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး တွင် ဆိုင်မန်နေဂျာ ကိုအောင်ကိုခိုင် အားခေါ် ယူ ၍ ယစ်မျိုးရောင်း ချခြင်း၊ Day & Night Club ဖွင့် လှစ်ခြင်း တို့မပြုရန်၊ ဆိုင်အား ပိတ်ထားရန် ၀န်ခံ ကတိပြု လက်မှတ်ရေးထိုး ထားရှိကြောင်း သ တင်း ရရှိ ပါသည်။

Yangon Police

No comments:

Post a Comment