Tuesday, September 24, 2013

ရဲစခန်းရှေ့ရောက်မှ ဆိုက်ကယ်ပေါ်က ပြုတ်ကျသည့် ဘုန်းကြီးကြောင့် ကယ်ရီသမားအရေးယူခံရ Monday, September 23, 2013

ဗီယက်နမ်လူမျိုး ဘုန်းတော်ကြီး တစ်ပါးသည် စက်တင်ဘာလ ၂၁ ရက်က ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့သည့်အတွက် မြောက်ဥက္ကလာပ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။ သို့သော်လည်း စိုးရိမ်ရသည့် အနေအထားတွင် မရှိကြောင်း ရန်ကုန်
တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဘုန်းတော်ကြီးမှာ မရမ်းကုန်းမြို့နယ် ထေရ၀ါဒဗုဒ္ဓတက္ကသိုလ်မှ အမေရိကန်နိုင်ငံသား ခံယူထားသော အသက် ၆၀
အရွယ်ရှိသော ဗီယက်နမ်လူမျိုး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးဖြစ်သူ Mr. Vudue Thang ဖြစ်သည်။

၎င်းသည် မရမ်းကုန်းမြို့နယ် စွယ်တော်လမ်းအတွင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာစဉ် မရမ်းကုန်း ရဲစခန်း ရှေ့အရောက်၌ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုန်းတော်ကြီးအား မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ပြုတ်ကျခဲ့သည့် ဒဏ်ကြောင့် ဘုန်းတော်ကြီးမှာ ငယ်ထိပ်စုတ်ပြဲ၊ အောက်နှုတ်ခမ်း ၀ဲဘက် စုတ်ပြဲ၊ ၀ဲပါးပွန်း၊ ၀ဲပုခုံးပွန်း၊ ၀ဲလက်ခုံနှင့် ၀ဲတံတောင်ဆစ် စုတ်ပြဲဒဏ်ရာများရရှိခဲ့သည့်အတွက် မဆင်မခြင် မောင်းနှင်သည့် မင်္ဂလာဒုံမြို့နယ် နေသူ အသက် ၂၃ နှစ်ရှိ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူ မောင် ------ အား မရမ်းကုန်းရဲစခန်းက ယာဉ်(ပ)၆၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၂၉၇/၃၃၈ ဖြင့် တရားစွဲတင်ပို့နိုင်ရန် စစ်ဆေးလျက်ရှိသည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment