Friday, September 13, 2013

တရားမ၀င်နယ်ကျော်မြန်မာဗီဒီယိုဇာတ်ကားခွေများဖမ်းဆီးရမိခြင်း Paungde News

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပေါင်းတည်မြို့ ၊မြတ်စွယ်တော်ပွဲဈေးတန်း(13.9.2013)ရက်နေ့ ( 11း05)အချိန်ခန့် တွင် တရားမ၀င်နယ်ကျော်မြန်မာဗီဒီယို ဇာတ်ကားခွေများအားရောင်းချနေသော ဆိုင်အား ပေါင်းတည်မြို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဒုရဲအုပ် အောင်မောင်မောင်ရီနှင့် ရဲတပ်ဖွဲ့ ဝင်များ၊သက်ဆိုင်ရာ အုတ်ဖို(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ ဝင်များ၊ပေါင်းတည်မြို့ နယ်ဗီဒီယိုအခြေခံအဖွဲ့  များ ပူးပေါင်းပြီး အသိသက်သေများ၏ရှေ့ မှောက်တွင်တရားမ၀င်နယ်ကျော် မြန်မာဗီဒီယိုဇာတ်ကားခွေ(၁၆၈)ခွေ အား ဖမ်းဆီးရမိပြီး ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ ၊ ၃၃ တို့ ဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိပါသည်

No comments:

Post a Comment