နိုင်ငံခြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၉၈/၂၀၁၃ ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က မေ ၆ ရက် ရက်စွဲ ဖြင့် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ် သည်။
သံအမတ်ကြီး ဦးသန်းဆွေ သည် မြန်မာ-အမေရိကန်ဆက်ဆံရေး ကောင်းမွန်ရေးအတွက် အထူးစွမ်းဆောင်ခဲ့သူဖြစ်ပြီး ဝါရှင်တန်ရှိ အမေရိကန်သံတမန် လောကတွင် ချစ်ခင်လေးစားခံရသူဖြစ်သည်ဟု ဝါရှင်တန်အခြေစိုက် မြန်မာသတင်းစာ ဆရာ တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။
၂၀၁၂ခုနှစ် အောက်တိုဘာတွင် ဝါရှင်တန်ရှိ မြန်မာသံရုံး၌ သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်းခံရသည့်
''ဘာကြောင့် ဆိုတာကို တိတိကျကျ မပြောနိုင်ပေမယ့် ကောင်းမွန်သော ပြောင်းရွှေ့ခြင်း လို့တော့ ထင်မြင်ပါတယ်''ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးနေဇင်လတ် က ပြောသည်။ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်သော အငြိမ်းစားဗိုလ်မှူးကြီး (ဦး)သန်းဆွေသည် မဟာဝိဇ္ဇာ ဘွဲ့ရရှိခဲ့ပြီး တပ်မတော်တွင် ထူး ချွန်ဆုများ စွာရ ရှိခဲ့ သည်။ အရပ် ဘက်သို့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂ဝဝဝပြည့်နှစ်မှ စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
ထို့နောက် ၂၀၀၈ ခုနှစ် မတ်လတွင် ကုလသမဂ္ဂဒုတိယ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် နယူးယောက်သို့ ပြောင်းရွှေ့တာဝန်ပေးခံရပြီး ၂၀၀၉ ခုနှစ် ဧပြီတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီးဖြစ်လာသည်။ ထို့နောက် ၂၀၁၂ခုနှစ် အောက်တိုဘာတွင် မြန်မာနှင့် အမေရိကန်သံအမတ် ကြီး အဆင့်တိုးမြှင့်ခန့်အပ်ရန် စီစဉ်သည့်အခါ အမေရိကန်နိုင်ငံ၏ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်းခံခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment