Friday, June 7, 2013

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှမှုခင်းတားဆီးနှိမ်နင်းရေးအတွက် မီးတန်းယာဉ်များ အသုံးပြုသွားမည်


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ
အတွင်း မှုခင်းတားဆီးနှိမ်နှင်းရေး အတွက်အသုံးပြုရန်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပေးထားသည်
ဆလွန်းယာဉ် (၁၂)စီးအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏
စီမံမှုဖြင့် ပုံစံတူဆေးမှုတ်၍ ဆက်သွယ်ရေးစက်နှင့် မီးတန်းများ တပ်ဆင်အသုံးပြုခဲ့ပါသည်။
အဆိုပါမီးတန်းယာဉ်များအား
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေမှ
၇.၆.၂၀၁၃ ရက်နေ့ ၁၇၃၀ အချိန် အမွှေးနံ့သာများပက်ဖျန်းပြီး လွှတ်တော်ဝန်းမှ ရွှေတိဂုံ၊ ဆူးလေဘုရားများသို့ မောင်းနှင်ကာ လွှတ်တော်ဝန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပါသည်။
ရန်ကုန်မြို့တော်အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် နိုင်ငံတကာအဆင့် ရဲတပ်ဖွဲ့၏လှုပ်ရှားဆောင်ရွက်မှုများနှင့်အညီ မှုခင်းတားဆီးနှိမ်နှင်းရေးလုပ်ငန်းများ ကို အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့ကာကွယ်တားဆီးအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း
သတင်း ရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

No comments:

Post a Comment