Friday, June 7, 2013

"မြန်မာကြေးသွန်း ရုပ်တု အရှေ့တောင် အာရှ စိတ်ဝင်စားလာ"


မြန်မာ့ ရိုးရာကြေးသွန်း ပန်းပု ရုပ်တုများအား အရှေ့တောင် အာရှနိုင်ငံ များမှ စိတ်ဝင်စားမှု ပိုများကြောင်း ကြေးသွန်း ပန်းပု လုပ်ငန်းရှင် များထံမှ သိရသည်။

”နိုင်ငံပေါင်းစုံက လာဝယ်တာတွေ တော့ရှိတယ်။ ဒါပေမဲ့ အရှေ့တောင် အာရှ နိုင်ငံတွေက ပို စိတ်ဝင်စားတယ်လို့ ထင်တယ်” ဟု ကြေးသွန်း လုပ်ငန်းရှင် တစ်ဦး က ပြောသည်။

ကြာငါးပွင့် ကြေးသွန်း လုပ်ငန်းပိုင်ရှင် ကိုဇာနည်အောင် ဗီယက်နမ်မှ ဗီယက်နမ်ဟန် ဘုရား တစ်ဆူကို လတ်တလော ကာလ အတွင်း လာရောက်ဝယ် ယူ သွားကြောင်း ပြောသည်။

”နိုင်ငံပေါင်းစုံက လာရောက် ဝယ်ယူတာတွေတော့ ရှိတယ်။ သူတို့တွေက အလှအပ ရုပ်တွေ နဲ့ သူတို့ အိမ်ကို အလှ ဆင်ကြတာ များတယ်” ဟု ကိုဇာနည်အောင် က ထပ်မံပြောသည်။

လက်ရှိတွင် ကြေးသွန်းပန်းပု ရုပ် ထုအား အရှေ့တောင်အာရှ နိုင်ငံများနှင့် အီတလီ ကဲ့သို့သော အနောက် ဥရောပ နိုင်ငံ များမှလည်း စိတ်ဝင်စားမှု များပြား ကြောင်း သိရသည်။

”အီတလီက လာဝယ် တာတော့ လူရုပ်တုပုံပေါ့။ မြန်မာ အမျိုးသား ရုပ်တု ကို လာဝယ်ကြတယ်”ဟု ကြေးသွန်း လုပ်ငန်းရှင်က ရှင်းပြသည်။

No comments:

Post a Comment