Thursday, June 6, 2013

၂၀၁၃ ခုနှစ် ၏ ကမ္ဘာ့ တယ်လီကွန်လုပ်ငန်း ဆန်းသစ်တီထွင် မှု ဆုပေးပွဲ အခမ်းအနား တွင် Digicel က အောင်ပွဲခံ





“၀ယ်ယူ အားပေးသူများ အတွက် အကောင်းဆုံး ဆန်းသစ်တီထွင် မှု ဆု” နှင့် “ ထူးချွန်စွာ အောင်မြင်မှု ဆု” တို့ ကို Denis O’ Brien လက်ခံရယူ။
ဗုဒ္ဓဟူးနေ့ ဇွန်လ ၅ ရက် ၂၀၁၃ ။ ဂျမေကာ နိုင်ငံ၊ ကင်စတန်မြို့။ ၂၀၁၃ ခုနှစ် ၏ ကမ္ဘာ့ တယ်လီကွန်လုပ်ငန်း ဆန်းသစ်တီထွင် မှု ဆုပေးပွဲ အခမ်းအနား ကို ယမန်နေ့ ညက ကျင်းပရာ၊ ဒီဂျီဆဲလ် က ဂုဏ်ထူးဆောင် ဆုကြီး နှစ်ဆု ကို ဆွတ်ခူးရရှိခဲ့ ပါသည်။
ယင်း ဆု နှစ်ဆု မှာ၊ “Beep & Go” မိုဘိုင်း ငွေချေ စနစ်ကို အသုံးပြု နိုင်သော ကုန်ပစ္စည်း (မိုဘိုင်း) အတွက် တောင်ပိစိဖတ် သမုဒ္ဒရာ အတွင်း မှ ထောင်ဂါ နိုင်ငံ ကိုယ်စားပြု ဒီဂျီဆဲလ် က “၀ယ်ယူ အားပေးသူများ အတွက် အကောင်းဆုံး ဆန်းသစ်တီထွင် မှု ဆု”ကို ဆွတ်ခူး ရရှိပြီးနောက် တစ်ကြိမ်ထဲတွင် “ ထူးချွန်စွာ အောင်မြင်မှု ဆု”ကြီးကိုမှု ဒီဂျီဆဲလ်၏ နာယက နှင့် စတင် တီထောင်သူ Denis O’Brien ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံ ရရှိလိုက်ပါသည်။
“Beep & Go” မိုဘိုင်း ငွေချေ စနစ် သည် ကမ္ဘာပေါ်တွင် ကနဦး အနေဖြင့် အသုံးပြုနိုင် သော ငွေချေစနစ်ဖြစ်ပြီး NFC ခေါ် Near Field Communication (သို့) အနီးအနား တည်နေရာ တခွင်အတွင်း တွင်ရှိသော ကွန်ရက်ချိတ်ဆက် ထားရာ အရောင်းဌာနတစ်ခု နှင့် မိုဘိုင်းဖုန်းတစ်လုံး အတွင်းရှိ ဖြည့်ဆီးထားသော ငွေကြေးပမာဏ (သို့) မိုဘိုင်းဖုန်း ပိုက်ဆံအိတ် တို့အား ဆက်သွယ်ထားခြင်းဖြစ်သည်။ ယင်းစနစ် ကို ဈေးကွက်တွင် စတင် မိတ်ဆက်ခြင်း မှ အစပြုသော် ဒီဂျီဆဲလ်၏ မိုဘိုင်း ငွေချေစနစ် ၀န်ဆောင်မှု ကို တစိုက်မတ်မတ် အသုံးပြုသူများ ၃၀% အထိ မြင့်တက်သွားခဲ့သည်။
ထောင်ဂါနိုင်ငံ ရှိ အဓိက လက်လီအရောင်းဆိုင်များ ၏ ၈၀% ကို “Beep & Go” ကုန်သည်များ ကွန်ရက်က ဈေးကွက်ဖြန့်ကျက် နိုင်ခဲ့သည် ။ ဤစနစ်သည် ရောင်းဝယ် ဖေါက်ကားသူများကို ၀ယ်သူပိုများပြားလာစေပြီး ရောင်းသူနှင့်ဝယ်သူအကြား လုပ်ငန်းများကို ရှင်းလင်း မြင်သာမှု ရှိစေသည်။ ထို့ကြောင့် ဈေးရောင်းသူများသည် ဈေးကွက်ဖြန့်ကျက်ခြင်း နည်းလမ်းများ နှင့် အမြဲတစေ အားပေးသူများ အား လျှော့ဈေး ပေးခြင်းဖြင့် ဆုချခြင်း အစီအစဉ်များ ကို သုံးကာ ယင်းမိုဘိုင်းအား လူသိများအောင် ပြုလုပ်ကြသည်။ သို့ပါ၍ ထောင်ဂါနိုင်ငံ၏ လက်လီအရောင်း ကဏ္ဍ နှင့် ငွေချေခြင်းဆိုင်ရာ အတွေ့အကြုံ တို့သည် တမူ ထူးခြားစွာ ပြောင်းလည်း သွားသည်။
“ဒီဂျီဆဲလ်မှာ ကျွန်တော်တို့ အစဉ်တစိုက် ဂရုပြုစောင့်ထမ်းတဲ့ စကားလုံးတွေ ထဲက တစ်ခု ကတော့ တီထွင်ဆန်းသစ်ခြင်း ဖြစ်ပါတယ်။ ဒီစကားလုံးကို အသက်သွင်းတဲ့ အနေနဲ့ “၀ယ်ယူ အားပေးသူများ အတွက် အကောင်းဆုံး ဆန်းသစ်တီထွင် မှု ဆု” ကို “Beep & Go” ထုတ်ကုန်ကြောင့် ထိုက်ထိုက်တန်တန် ရယူလိုက်တဲ့ ပိစိဖတ်သမုဒ္ဒရာ အတွင်းက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ အတွက် ၀မ်းမြောက် ဂုဏ်ယူ ကြောင်း ပြောပါရစေ။ ကျွန်တော်တို့ စွမ်းဆောင်ပြလိုက်နိုင်တာ ကို ကမ္ဘာ့အဆင့် အကောင်းဆုံးအနေနဲ့ အသိအမှတ် ပြုခံရတာ ဟာ ခပ်သေးသေး အောင်မြင်မှု မဟုတ်ပါဘူး ။ အခုလို ဂုဏ်ပြုခံရတာကို ကျွန်တော်တို့ က အထူးကျေးဇူးတင်ပါတယ် ။ ကျွန်တော့်ကို “ ထူးချွန်စွာ အောင်မြင်မှု ဆု” ချီးမြှင့်တဲ့ ကမ္ဘာ့ တယ်လီကွန် လုပ်ငန်းအဖွဲ့ ကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ တ ကမ္ဘာလုံးမှာ ရှိကြတဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်စား ဒီဆုတွေ အတွက် နှစ်ထောင်းအားရ လက်ခံပြီး အထူးကျေးဇူး ဥပကာရ တင်ရှိပါတယ်။ “ ဟု ထိုဆုများ နှင့် စပ်လျင်းပြီး ၊ ဒီဂျီဆဲလ် နာယက နှင့် စတင်တည်ထောင်သူ Denis O’Brien က ပြောကြားလိုက်ပါသည်။
Ref: Digicel Facebook Page

No comments:

Post a Comment