၇- ၉- ၂၀၁၃ ရက်နေ့က လူအယောက် ၆၀ ကျော် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရမှုထဲမှာ ပါသွားတဲ့ kl က ကိုမြင့်ဇော် ရဲ့ အကိုဖြစ်သူပြောပြချက်ကတော့...
၇ - ၉- ၂၀၁၃ ရက်က ကျနော့်ညီလေးကို kl က ပွဲစားတစ်ယောက်နဲ့ ချိတ်ပြီး ပြန်ခိုင်းလိုက်တာပါ။ ညနေ ၅ နာရီလောက် ကျနော့် ညီဆီက ဖုန်းလာတယ်။ သူတို့အဖမ်းခံထားရတယ်တဲ့။ မြန်မာလူမျိုး ၆၀ ကျော်လောက် ရှိတယ်လို့ပြောတယ်။ သူတို့ကို ပို့ပေးတဲ့ ပွဲစားကို ချိတ်ဆက်ပြီး အကြောင်းကြား အကူအညီတောင်းပေးဖို့ ပြောတယ်။
အဖမ်းခံရတာကလည်း kl ကနေ BUS ကားနဲ့ ပို့တဲ့ ပွဲစား(အေးဂျင့်) တွေပါ။ တစ်ချို့ အိမ်စီးကိုယ်ပိုင်ကားတွေနဲ့ နယ်စပ်အထိ ပို့ပေးကြသူတွေ ရှိတယ်။ သူတို့က ဘာမှမဖြစ်ဘူး။ ဒါပေမယ့် Bus ကားပေါ်တင်ပေးပြီး ကိုတာဘာရု အထိ ပို့ပြီး အဲဒီကနေ ဆိုင်ကယ်နဲ့လာယူပြီး နယ်စပ်ထိ ပို့ပေးတဲ့ ပွဲစားတွေရှိတယ်။ အခုက BUS ကားနဲ့ ပို့ပေးတဲ့သူအဖမ်းခံရတာပါ။
ကျွန်တော်တော့ ညီလေးကို ပြန်ခိုင်းတာ မှားပြီးလားဆိုပြီးနောင်တ ရနေတယ်။ ဒီမှာ အလုပ်လုပ်နေတာ အဖမ်းမခံရပဲ မြန်မာပြည်ပြန်မှ လမ်းမှာ အဖမ်းခံရတယ်ဆိုတော့ စိတ်မကောင်း ဖြစ်မိတယ်။ ပွဲစားကို ဆက်သွယ်ပြောပြပေမယ့် ဘာမှမတက်နိုင်ဘူးဖြစ်နေတယ်”
လို့ပြောပြပါတယ်။ လက်ရှိ မလေးရှားမှ အောက်လမ်းမှ ပြန်သူ အများအပြားအဖမ်းခံရမှုတွေ ရှိနေပြီး အဖမ်းခံရသူတွေဟာ BUS ကားနဲ့ နယ်စပ်အထိ လိုက်ပါသူတွေဖြစ်တယ်လို့ သိရပါတယ်။
BUS ကားတွေကို မလေးရှားရဲတွေက လမ်းပိတ်ပြီး စစ်ဆေးနေတာကြောင့် အခုလို အဖမ်းခံရတာဖြစ်ပါတယ်။ ထို့ကြောင့် မလေးရှားမှာ တရားမ၀င်နေထိုင်သူများ ပြန်မည်ဆိုရင် မိမိဆက်သွယ်ထားသော ပွဲစား(အေးဂျင့်)သည် နယ်စပ်ကို လိုင်းကား(BUS) ဖြင့် ပို့သလား။ ဒါမဟုတ် ကိုယ်ပိုင်အိမ်စီးကားတွေနဲ့ပို့
မလေးရှားညီအစ်ကိုများ အန္တာရာယ်ကင်းစွာ အိမ်ပြန်နိုင်ကြပါစေ။share ပေးကြပါ။ အရေးကြီးသတင်းပါ။
စွာတေးလေး(ကွာလာလမ်ပူ)
Shan News
No comments:
Post a Comment