" မြန်မာနိုင်ငံတွင် အရည်အသွေးနိမ့် စားသောက်ကုန် အတု၊ ဓာတုပစ္စည်း သုံးစွဲထားသည့် စားသောက်ကုန်များအား တွေ့ရှိသည်၊ စစ်ဆေးတွေ့ရှိသည်ဟူသော သတင်းများသာ ကြားသိရပြီး လူ့အသက်ပေါင်းများစွာဖြင့် သက်ဆိုင်သည့်အတွက် မည်သို့အရေးယူ လိုက်သည်ဟူသော သတင်းမှာ မရှိသလောက် နည်းပါးပါတယ်။ စစ်ဆေးသည့်အဖွဲ့က တစ်ဖွဲ့၊ အရေးယူသည့်အဖွဲ့က တစ်ဖွဲ့ ဖြစ်နေပြီး စစ်ဆေးတွေ့ရှိသော်လည်း အရေးယူသည့်အဖွဲ့မှ အရေးမယူခြင်း၊ ပစ္စည်းတစ်ခုတွင် ဓာတုပစ္စည်းများသုံးကြောင်း စစ်ဆေးတွေ့ရှိသည့်အခါ အဆိုပါတွေ့ရှိသည့် ပစ္စည်းကိုသာ ဖျက်ဆီးပြီး အခြားဈေးကွက်အတွင်းမှ ပစ္စည်းအားလုံး သိမ်းဆည်းအရေးယူမှု မရှိခြင်းမှာလည်း မဖြစ်သင့်တော့ပါ . . .EMG"
Ref; 7Day.

No comments:
Post a Comment