သြဂုတ်လ ၃၁ ရက် ည ၉ နာရီတောင် ဒဂုံမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် တာဝန်ရှိသူများ သည် ၇၂ ရပ်ကွက်အတွင်း ယူနီဖေါင်းဖြင့် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် လူတစ်ဦးဓားကိုင် သောင်းကျန်းနေကြောင်း သတင်းရ၍ သွားရောက်စစ်ဆေးစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဓားကိုင် သောင်းကျန်းသူသည် အမှတ် ၂၀၈-က၊ ပိတောက်လမ်း၊ ၇၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး အသက် ၂၀ ၀န်းကျင်ရှိ ကျပန်းအလုပ်လုပ်ကိုင်သူဟု ရဲတပ်ဖွဲ့က အတည်ပြုထားသည်။
ထိုသူသည် နေအိမ်ရှေ့လမ်းမပေါ်တွင် အရက်မူးပြီး အရိုးအသွား ၁၇ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားကို ဆောင်၍ ရမ်းကားနေသည်ကို တွေ့ရှိခဲ့သဖြင့် ထိန်းသမ်းခဲ့သည်ဟုလည်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းစဉ် ရဲတပ်ဖွဲ့ကို ဓားဖြင့်လိုက်ခုတ်ခဲ့၍ ရှောင်တိမ်းခဲ့ရပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ်မှာပင် ရဲတပ်ဖွဲ့၏ POLICE စာတန်းနှင့် အချက်ပြမီးလုံးပါသော နက်/
ထို့ကြောင့် ဒုရဲအုပ် စောညီညီထွန်း (နယ်ထိန်း)မှ လိုက်လံဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဘုရင့်နောင်လမ်း၊ သီရိဂုဏ်ရောင် ဗိမာန်ရှေ့တွင် ရဲအုပ်ဘိုအောင် နှင့်အဖွဲ့မှ ပိတ်ဆို့တားဆီးဖမ်းရာတွင် မရပ်ဘဲ လမ်းဘေးသို့
ရှောင်ထွက် မောင်းနှင်စဉ် ဆိုင်ကယ်တိမ်းမှောက်ခဲ့သဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် တွေ့ရသည်။
ဆိုင်ကယ် တိမ်းမှောက်မှုကြောင့် ထိုသူမှာ ၀ဲလက်သွေးထွက်ပေါက်ပြဲ၊ ညာဘက်ရင်ဘက်ဘေးတွင် နာကျင်ဒဏ်ရာ၊ ၀ဲဒူး၊ ယာပခုံး၊ ၀မ်းဗိုက်ဝဲဘက်ဘေး၊ ၀ဲခြေမျက်စေ့တို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံကြီး တွင် ပြင်ပလူနာအဖြစ် ပို့ဆောင်ကုသပေးရသည်ဟုလည်း မှုခင်းမှတ်တမ်းတွင် ပါရှိသည်။
ထိုသူ ကိုင်ဆောင်ခဲ့သော သက်သေခံဓားရှည်ကိုလည်း ဆိုင်ကယ်တမ်းမှောက်စဉ် သိမ်းဆည်းရမိခဲ့ပြီး ဒုရဲအုပ်
စောညီညီထွန်းက တရားလိုပြုလုပ်တိုင်တန်းရာမြို
ယင်းအပြင် ရဲတပ်ကြပ် ထွန်းလွင်က တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင
No comments:
Post a Comment