ဆီးရီးယား အစိုးရဟာ တကယ်ပဲ
ဓာတုလက်နက် အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်း အီရန် နိုင်ငံရဲ့ ယခင်
သမ္မတဟောင်း အက္ကဘာ ဟရှ်မီ ရာ့ဖ်ဆန်ဂျနီက ပြောကြားလိုက်ပါတယ်။
အခုလို အီရန် သမ္မတဟောင်းက ပြောဆိုလိုက်တာဟာ ဆီးရီးယားကို ကူညီလိုတဲ့ အီရန် ခေါင်းဆောင်ပိုင်းကို ဒေါသထွက်စေမှာ ဖြစ်ပါတယ်။
ဆီးရီးယားမှာ အကျဉ်းထောင်တွေ မလုံလောက်တဲ့အတွက် အားကစားကွင်းတွေကို
ထောင်အဖြစ် အသုံးပြုနေတဲ့အကြောင်းလည်း သမ္မတဟောင်း ရာ့ဖ်ဆန်ဂျနီက ဆက်လက်
ပြောဆိုသွားပါသေးတယ်။
ဘီဘီစီရဲ့ ပါရှန်း သတင်းထောက် Kasra Naji က သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။
BBC
No comments:
Post a Comment