The Voice Weekly
Tuesday, September 3, 2013
ငါးပိ ဓာတ်ခွဲစမ်းသပ်မှု ရက်ပိုင်းအတွင်း ထုတ်ပြန်မည် The Voice ရန်ကုန်၊ စက်တင်ဘာ ၁
ဈေးကွက်အတွင်းမှ
ဓာတ်မြေသြဇာ အသုံးပြုထားသည်ဟု ယူဆရသော ငါးပိများကို စစ်ဆေးရန်
အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဦးစီးဌာနသို့ သြဂုတ်လ ၂၆ ရက်နေ့တွင်
ပေးပို့ထားရာ ဓာတ်ခွဲခန်းအဖြေကို ရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်မည်
ဖြစ်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့
ပြောကြားသည်။ဓာတ်ခွဲစစ်ဆေးရန် ဧရာဝတီတိုင်းဒေသကြီး
ဘောလယ်ရွာမှ ငါးပိများနှင့် ရန်ကုန်မြို့ အင်းစိန်ဈေး မှငါးပိများကို
ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေထွက်ရှိလာလျှင် တရားဝင် ထုတ်ပြန်
ကြေညာသွားရန် ရှိကြောင်း ၎င်းကဆိုသည်။“ဒီလိုငါးပိစစ်တာက ပထမဦးဆုံးဆိုတော့
လိုအပ်တဲ့ ဓာတုပစ္စည်းတွေအတွက် လယ်ယာစိုက်ပျိုးရေးကို ဆက်သွယ်ထားတယ်လို့ FDA
ကပြောတယ်” ဟု ဦးဗအုပ်ခိုင်က ထပ်မံပြောကြားသည်။သြဂုတ်လအတွင်း က
စားသုံးသူ ကာကွယ်ရေးအသင်းမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကျို
ငါးပိများတွင် ငါးအရိုးများ လျင်မြန်စွာ နူးစေရန် ဓာတ်မြေသြဇာထည့်သွင်း
အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။ယင်းကြောင့် စားသုံးသူ
ကာကွယ်ရေးအသင်းကနေရာဒေသ သုံးမျိုးမှ ရေကျိုငါးပိများကို ကျန်းမာရေး
ဝန်ကြီးဌာနရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့
ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။“စစ်ဆေးချက်အဖြေ ဘယ်လိုထွက်ထွက် စားသင့်တဲ့
ငါးပိကို ရွေးတတ်ဖို့ ပညာပေးလုပ်သွားမယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းက
လုပ်နေတာတော့ သေချာတယ်” ဟု ဦးဗအုပ်ခိုင်က ဆက်လက်ပြော ကြားသည်။ငါးပိအတွင်း
ဓာတ်မြေသြဇာ ပါဝင်ခဲ့သောသတင်းများ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ရေကျိုငါးပိ
ဈေးကွက်တွင် ရောင်းအား ကျဆင်းခဲ့ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက
ပြောကြားသည်။၂၀၀၉ ခုနှစ်က ငါးပိအတွင်း ဆိုးဆေး အသုံးပြုသည့်
ပြဿနာများကြောင့် ဈေးကွက်အတွင်းရှိ ငါးပိ အမျိုးအစားအချို့ကို
ကျန်းမာရေးဝန်ကြီးဌာနက စားသုံးရန် မသင့်ကြောင်း ကြေညာခဲ့သည်။
The Voice Weekly
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment