Monday, June 3, 2013

ရန်ကုန်-မန္တလေး အဆန်ရထား စက်ခေါင်းအတွင်း ဦးခေါင်းတစ်လုံး ညပ်ပါလာ 3.6.2013

ရန်ကုန်-မန္တလေးသွား အဆန်ရထားစက်ခေါင်းအတွင်း ခန္ဓာကိုယ်မပါရှိသည့် ဦးခေါင်းတစ်လုံး မေလ ၃ဝ ရက် ညက ညပ်ပါလာသည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မေ ၃ဝ ရက်၊ ညနေ ၅ နာရီခွဲတွင် ကျောက်ဆည်ဘူတာ၌ ရထားဘရိတ်များကို စစ်ဆေးနေစဉ် စက်ခေါင်းအောက်၌ ဆံပင်တိုနက်၊ ဝဲနားရွက်ပါ၊ ဝဲလက်ကျိုးပဲ့၊ ရင်အုံအောက်ပိုင်း မပါရှိသည့် ပုံပျက်နေသာ ဦးခေါင်းတစ်ခု ညပ်ပါလာသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။

ရထားသည်မေလ ၂၉ ရက် ၈ နာရီ မိနစ် ၃ဝ တွင်ရန်ကုန်မှ မန္တလေးသို့ ထွက်ခွာလာသော အမှတ်(၁) အဆန်း စာပို့ရထား ဖြစ်သည်။ ''လမ်းခရီးတစ်လျှောက်မှာ လူကို တတ်ကြိုတ်မိတာတော့ မရှိဘူး'' ရထားစက်ခေါင်းမောင်း ဦးဖြိုးဝေအောင်မှ မဇျမ္စိ ကို ပြောသည်။ ကျောက်ဆည်ဘူတာရုံပိုင် ဦးခင်မောင်သော်ကလည်း ''တခြား ဘူတာတွေ ဆက်သွယ်စုံးစမ်းတော့လည်း ဘာထူးခြားမှုမှမရှိဘူး'' ဟု မဇ္ဈိမကို ပြောသည်။ ခန္ဓာကိုယ်မပါသော ဦးခေါင်းအား
ကျောက်ဆည်ဆေးရုံသို့ ပို့ထားပြီး အပိုင်ရဲစခန်းများနှင့် ရထားလမ်းတစ်လျှောက် ဘူတာရုံများသို့ ဆက်သွယ်စုံစမ်းနေသည်။

Mizzima

No comments:

Post a Comment