Sunday, June 16, 2013

ဗြိတိန်သူ အမျိုးသမီးငယ်လေးများအပေါ် မူဆလင်လူငယ်တစ်စုမှ တိုက်ခိုက်ခဲ့အပြီး ဗြိတိန်နိုင်ငံအတွင်း တင်းမာမှုများတိုးလာ

အက်ရှ်တွန်အင်ဒါလင်းမြို့တွင် မူဆလင်လူငယ်ဂိုဏ်းတစ်ခုမှ ဗြိတိန်သူမိန်းကလေးများအပေါ် အကြမ်းဖက်တိုက်ခိုက်နေ သည့် ဗီဒီယိုဖိုင် ယခုအပတ်အစောပိုင်းက ထွက်ပေါ်လာခဲ့။

ဗြိတိန်-ပါကစ္စတန်နွယ်ဖွားလူငယ်တစ်စုဟုဖော်ပြထားသည့် ဂိုဏ်းတစ်ခုက ဗြိတိန်သူအမျိုးသမီးလေးများအား ဘက်စ်ကား မှတ်တိုင်တစ်ခုတွင် တိုက်ခိုက်ခဲ့သည်ကိုပြသသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံမြောက်ပိုင်းရှိ အက်ရှ်တွန်အန်ဒါလင်းမြို့တွင် တင်းမာမှုများ အလွန် အမင်းကြီးထွားလာခဲ့သည်။

မန်ချက်စတာမြို့နှင့်အလှမ်းမကွာသည့် ထိုမြို့လေးတွင် ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှုကြောင့် လာမည့်တနင်္ဂနွေနေ့ တွင် မြို့တွင်း လူထုစည်းဝေးပွဲ သို့မဟုတ် လှည့်လည်ဆန္ဒပြပွဲများ ကျင်းပရန် နိုးဆော်သည့် လူစုလူဝေးများ ပေါ်ပေါက် လာခဲ့ပြီး အင်္ဂလန်မြေ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီး(EDL) မှလည်း အက်ရှ်တွန်အန်ဒါလင်းမြို့တွင် အသင်းခွဲတစ် ခုကို အလျင်အမြန်ဖွဲ့စည်းခဲ့သည်။

ထိုဗီဒီယိုဖိုင်ကို YouTube လိုင်းမှ ဖယ်ထုတ်ပြီးဖြစ်သော်လည်း LiveLeak လိုင်းပေါ်တွင် ကြည့်ရှုနိုင်သေးပြီး လွန်ခဲ့သည့်ည ကဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုကို ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၊ အက်ရှ်တွန်အင်ဒါလင်းမြို့တွင်ဖြစ် ပွားခဲ့သည့် ထိုဗီဒီယိုထဲတွင် မူဆလင်လူငယ်တစ်စုက ဗြိတိန်ကလေးတစ်စုအား တိုက်ခိုက်မှုကိုဖော်ပြထားခြင်းဖြစ်သည်။

ဗီဒီယိုဖိုင်အစမှာပင် မူဆလင်လူငယ်များထဲမှ တစ်ယောက်က ဗြိတိန်သူအမျိုးသမီးလေး၏ မျက်နှာအား လက်သီးဖြင့် ထိုး နှက်တိုက်ခိုက်နေမှုကို ပြသထားသည်။

ထိုသို့သောဖြစ်ရပ်များမှာ ဗြိတိန်နိုင်ငံတစ်ဝှမ်းရှိ လမ်းများပေါ်တွင် ပုံမှန်ဖြစ်ပွားနေ ကျမျိုးဖြစ်လာကြောင်း သိရှိရသည်။

အဆိုပါ လွန်ခဲ့သောညတိုက်ခိုက်မှုဖြစ်အပြီး ဖမ်းဆီးထိန်းသိမ်းမှုသတင်းများ ထွက်ပေါ်လာခဲ့ပြီး တိမ်းဆိုဒ်ရဲဌာနမှ ဒေသ ဆိုင်ရာ ရဲဌာနများအနေဖြင့် ဗီဒီယိုဖိုင်ထဲမှရရှိသည့် သတင်းအချက်များစွာအပေါ်အခြေခံ၍ စုံစမ်းစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ပြောဆိုခဲ့သော်လည်း အသံလွှင့်အစီအစဉ်ပြောကြားသူသို့ ဤအချက်နှင့်ပတ်သက်၍ နောက်ထပ် အတည်ပြုချက် မပေးသေးကြောင်းသိရှိရသည်။

စုံစမ်းစစ်ဆေးပြီးချိန်အထိ နောက်ဆက်တွဲဖော်ပြချက်မရရှိသေးပါကြောင်း အသံလွှင့်အစီအစဉ်တင်ဆက်သူမှ ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်ညက အက်ရှ်တွန်မြို့လယ်တွင် လူစုလူဝေးများ စုရုံးခဲ့ပြီး နောက် အများပြည်သူဆိုင်ရာအက်ဥပဒေချိုးဖောက်မှုဖြင့် လူလေးဦးအား ဖမ်းဆီးခဲ့ရကြောင်း ရဲဘက်ဆိုင်ရာမှဖော်ပြသည်။

ဒေသဆိုင်ရာအဏာပိုင်အဖွဲ့များမှ ပြစ်တင်ရှုံ့ချခဲ့သည့် အဆိုပါတိုက်ခိုက်မှုနောက်ဆက်တွဲအဖြစ် အခြားတိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်းလည်း သတင်းများတွင်ဖော်ပြထားသည်။

အက်ရှ်တန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုများ နှင့်ပတ်သက်ပြီး ကောလာဟလများပြန့်နှံ့လျက်ရှိပြီး အဓိကရုဏ်းများထပ်မံဖြစ်ပွားခြင်းမရှိပဲ မမှန်သတင်းများ သာဖြစ် ကြောင်း တိမ်းဆိုဒ်ကောင်စီက လွန်ခဲ့သောညက ကြေငြာခဲ့သည်။

ရဲဌာနမှ မိဘများနှင့်အုပ်ထိန်းသူများအား ခလေးသူငယ်များကို အဆိုပါဒေသအတွင်း မသွားလာစေပဲ ထိန်းသိမ်းထားရန် သတင်းထုတ်ပြန်ထားသည်ဆိုသည့် သတင်းစကားများထွက်ပေါ်လျှက်ရှိပြီး သတင်းအတည်ပြုချက်ကား မရရှိပေ။

အကြမ်းဖက်တန်ပြန်နှိမ်နင်းရေးကျွမ်းကျင်သူ၊ သတင်းဆောင်းပါးအယ်ဒီတာဖြစ်သူ ဂတ်ဖာဟက်ဆင်က -

ဒါဟာ အချိန်ပိုတွေအများကြီးရှိနေကြတဲ့ လူငယ်ဂိုဏ်းအဖွဲ့အချင်းချင်းဖြစ်တဲ့ ရန်ပွဲလေးလောက်ပါပဲ၊ ဒါပေမဲ့ အစွန်းရောက် တဲ့ လက္ခဏာတော့ တွေ့ရပါတယ်။
သို့ပေမဲ့လည်း အခြားတဖက်က ဘာသာရေးသွေးထိုးလှုံ့ဆော်ပေးတာမျိုး အလားသ ဏ္ဍာန်တော့ မတွေ့ရပါဘူး၊ ဒီလိုကိစ္စတွေမှာ ဘာသာရေးအပေါ်အလွန်အကျွံဝေဖန်မယ်၊
သာမန်ရာဇ၀တ်မှုလေးကို နိုင်ငံ ရေး စကားပြောဆိုလာမယ်ဆိုရင်တော့ စိုးရိမ်စရာဘက်ကို ရောက်ရှိသွားမှာပါ၊ ဗြိတိန်နေ မူဆလင်လူမှုအဖွဲ့အစည်းတွေ အပေါ် နောက်ထပ် အဆိုးမြင်ပြုမူပြောဆိုမှုတွေ အလွန်အမင်း တိုးပွားကျင့်သုံးလာတဲ့ဘက်ဆီကို ရောက်သွားမှာပါဟု ပြောဆိုသွားခဲ့သည်။

ကရစ်ကတ်ဘောလုံးရိုက်တံများကိုင်ဆောင်ထားပြီး လူငယ်တစ်ဦးက မိန်းကလေးတစ်ဦးအား ပြေးကန်နေသည့်မြင်ကွင်း အပါအ၀င် ထိုတိုက်ခိုက်မှုရန်ပွဲမှာ တနင်္လာနေ့ညက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်။

[Original]
http://www.thecommentator.com/article/3766/tensions_high_in_british_town_after_muslim_youths_attack_white_girls

No comments:

Post a Comment