Friday, June 14, 2013

“၉၆၉ လှုပ်ရှားမှုမျာကိုဖော်ထုတ်အရေးယူတော့မည်ဖြစ်ကြောင်း ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းပြောကြား”


“အစောက မိတ်ဆွေပြောတဲ့ ၉၆၉ အဖွဲ.အစည်းများဟာ စာတန်းကလေးတွေကပ်၊ပြီးတဲ့အခါမှာ သွေးခွဲစကားတွေကိုဆောင်ရွက်နေတဲ့ကိစ္စကိုလည်းဖော်ထုတ်အရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ဒါကိုလည်းသက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ.အစည်းများကဆောင်ရွက်နေပြီဖြစ်ပါတယ်လို့” အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့သူရဦးရွှေမန်းက ၉၆၉ နှင့်ပက်သက်သောမေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ဒါပြင်သူရဦးရွှေမန်းက ““ရိုလင်ဂျာခေါ်ခေါ်၊ဘင်္ဂလီခေါ်ခေါ် ကိုးကွယ်တဲ့ဘာသာအယူအပေါ်မူတည်ပြီးတော့ကိုးကွယ်ကြတဲ့အစ္စလာမ်ဘာသာဝင်တွေအပေါ်ကိုဥပဒေအရခွဲခြားဆက်ဆံပိုင်ခွင့်မရှိကြောင်း၊အဲဒီလို ဥပဒေကိုဆန့်ကျင်ချိုးဖောက်ပြီးတော့ဆောင်ရွက်တယ်ဆိုလို့ရှိရင် ဥပဒေအရအရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း၊တရားဥပဒေစိုးမိုးမှုအားနည်းနေတဲ့အတွက်တရားဥပဒေစိုးမိုးမှုရှိအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊နောက်ရခိုင်ဘက် ဘူးသီးတောင်၊မောင်းတောဘက်မှာကလေး ၂ ယောက်ပဲယူရမယ်ဆိုတဲ့ကိစ္စနဲ.ပက်သက်ပြီး ကျနော်တို့လွတ်တော်ကိုတစုံတရာတင်ပြဆောင်ရွက်ထားခြင်းမရှိကြောင်း၊ကျနော်တို့လွတ်တော်ကလည်းဒါနဲ.ပက်သက်လို့ဥပဒေပြဌာန်းထားခြင်းလည်းမရှိပါကြောင်းပြောကြားခဲ့ပါတယ်။၎င်းပြင်လွတ်တော်ထဲမှာရှိနေတဲ့ဘူးသီးတောင်၊မောင်းတောကလွတ်တော်ကိုယ်စားလှယ်တွေဟာသူတို့ကိုယ်သူတို့ ရိုလင်ဂျာလို့သုံးလား?ဘင်္ဂလီတွေလို့သုံးလားဆိုတဲ့မေးခွန်းကိုဖြေကြားရာတွင် ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်းကသိရသလောက် ဥပဒေထဲမှာနဲ့သမိုင်းအစဉ်အလာမှာရိုလင်ဂျာဆိုတာမရှိပါဘူး။လွတ်တော်ထဲမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေကလည်းသူတို့ကိုယ်သူတို့ ရိုလင်ဂျာလို့မသုံးပါဘူး။မြန်မာတယောက်အနေနဲ.ဒီလိုပဲသုံးနှုန်းပါတယ်။; အပြည့်အစုံဖတ်ရန် http://burmese.voanews.com/content/article/1681560.html

No comments:

Post a Comment