အဆိုပါဆေးရုံ တည်ဆောက်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည
"မြေအကျယ်အဝန်းပေါ် မူတည်ပြီး ကောင်ရေများများထား ကုသပေးမယ်" ဟု ၎င်းက ဆိုသည်။
ဆေးရုံတည်ဆောက်ပြီး ဆင်များ ကုသနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ငွေကြေးထောက်ပံ့မှုလည်း လို အပ်နေကြောင်း၊ လက်ရှိတွင် စမ်းသပ် လုပ်ကိုင်ဆဲဖြစ်သည့် အတွက် ငွေကြေးအင်အား အထောက်အပံ့ကောင်း ရရှိပါက ထပ်မံ တိုး ချဲ့၍ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးများတွင် ဆင်ဆေးရုံများ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဆင်ဘေးမဲ့တောအဖြစ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ရွှေဥဒေါင်း ဆင်ဘေးမဲ့တောနှင့် ရခိုင်ရိုးမ ဆင်ဘေး မဲ့တော နှစ်ခုသာရှိပြီး ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးရှိ မြောက်ဇာမရီ သစ်တော ကြိုးဝိုင်းကို ဆင်ဘေးမဲ့တောအဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း သစ်တောဦးစီးဌာနထံမှ သိရှိရသည်။
No comments:
Post a Comment