Tuesday, June 18, 2013

ဖမ်းပြီဟေ့ ဖမ်းပြီ ... by Fb ကားပွဲစားတန်း | Tuesday, June 18, 2013.

ယာဉ်သက်သေခံလက်မှတ်အတု စိစစ်ဖော်ထုတ်ရရှိခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအခြေအနေ မှတ်ပုံတင်မဲ့ ယာဉ်များတွင် ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (အ၀ိုင်း) အတုများ ပြုလုပ် သုံးစွဲလျှက် ရှိနေကြာင်းကို ပြောဆိုမှုများ
ထွက်ပေါ်နေပါသည်။ ဤဦးစီးဌာနအနေနှင့်လည်း ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်(အ၀ိုင်း)အတုကို တွေ့ရှိကြောင်း (၅.၆.၂၀၁၃)ရက်စွဲပါ
မြန်မာ့အလင်း၊ ကြေးမုံ၊ မြ၀တီ သတင်းစာတို့တွင် ဖော်ပြထားပြီးဖြစ်ပါသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့တွင်လည်း ၁၂.၆.၁၃
ရက်မှစ၍ မှတ်ပုံတင်မဲ့ယာဉ်နှင့် ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ် (အ၀ိုင်း)အတုများ သုံးစွဲနေခြင်းကို စစ်ဆေးဖော်ထုတ်နိုင်ရန်အတွက်
အဖွဲ့များ ဖွဲ့ပြီးစစ်ဆေးလျှက် စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။

၁၂.၆.၁၃ ရက်တွင် ၆ဂ/၄၈၇၄ တပ်ဆင်ထားသော ယာဉ်အား ပြင်ဦးလွင်မြို့တွင် စိစစ်ချက်အရ ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် အတုပြုလုပ်ထားသဖြင့် ပြင်ဦးလွင် ရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားပါသည်။

၁၂.၆.၁၃ ရက်တွင်မန္တလေးတိုင်းတွင် ၈ည/၇၃၆၃ တပ်ဆင်ထားသော ယာဉ်အားစိစစ်ရာ ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်မှတ်ပုံတင်
သက်သေခံလက်မှတ် အတုများ စစ်ဆေးဖော်ထုတ်ရရှိ၍ မန္တလေးမြို့ အမှတ်(၆)ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားပါသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ၁၃.၆.၁၃ ရက်နေ့ Orange Supermarket ရှေ့တွင် စစ်ဆေးရာ ၁ခ/၉၈၄၂ ယာဉ်၏ သက်သေခံလက်မှတ် အ၀ိုင်းအား Scan ဖတ်၍ ပုံတူပြုလုပ်ထားသည်ကို စိစစ်တွေ့ရှိရ၍ သင်္ဃန်းကျွန်းရဲစခန်းတွင် အမှုဖွင့်ထားပါသည်။

၁၅.၆.၁၃ ရက်တွင် Super One Market အနီးတွင် ၁ခ/၉၈၄၂ တပ်ဆင်ထားသော မာစီဒီးယာဉ်အား စိစစ်ရာယာဉ်မှတ်ပုံတင်
သက်သေခံလက်မှတ်မှာ အတုဖြစ်ပြီး ယာဉ်မှာလည်း မှတ်ပုံတင်မဲ့ ယာဉ်အဖြစ် စစ်ဆေးတွေ့ရှိရသဖြင့် တာမွေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပါသည်။

၁၄.၆.၁၃ ရက်တွင် တိုင်းဒေသကြီးပဲခူးမှ ရန်ကုန်-မော်လမြိုင်လမ်းတွင် ၇ဂ/၃၉၀၄ ယာဉ်အမှတ်တပ်ဆင်ထားသည့် Mitsubishi
Choriat ယာဉ်အား စစ်ဆေးရာ မှတ်ပုံတင်မဲ့ယာဉ်ဖြစ်ပြီး ယာဉ်သက်သေခံလက်မှတ် အတုဖြစ်နေပါသဖြင့် ဘုရားကြီးရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပါသည်။

၁၃.၆.၁၃ ရက်တွင် မန္တလေးမြို့ ဇွန်တည်းခိုခန်းရှေ့တွင် ၆ဂ/၈၄၂၅ ယာဉ်အမှတ်တပ်ဆင်ထားသည့် Pajero အစိမ်းရောင်တပ်ဆင်ထားသည့် ယာဉ်တစ်စီးအား သော့တန်းလန်းနှင့် မသင်္ကာဖွယ်ရာတွေ့ရှိရသဖြင့် စိစစ်ရာတွင် မှတ်ပုံတင်မဲ့ယာဉ်အဖြစ် တွေ့ရှိရသဖြင့် မန္တလေးတိုင်း ယာဉ်ထိန်းတပ်ဖွဲ့ရုံးတွင် သိမ်းဆည်းထားပါသည်။

၁၆.၆.၁၃ ရက်တွင် မန္တလေးမြို့သိပ္ပံလမ်းအနီးတွင် ရှောင်တခင် စစ်ဆေးစဉ် ယာဉ်အမှတ် ၉ဂ/၆၉၈၇ Toyota MarkII ယာဉ်အား သော့ တန်းလန်းဖြင့် တွေ့ရှိရသဖြင့် စိစစ်ရာ မှတ်ပုံတင်မဲ့ယာဉ်ဖြစ်ကြောင်း တွေ့ရှိရသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် သိမ်းဆည်းထားပါသည်။

ဆက်လက်၍လည်း တိုင်းဒေသကြီးများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ယာဉ်မှတ်ပုံတင်သက်သေခံ လက်မှတ်အတုပြုလုပ် အသုံးပြုခြင်း၊ မှတ်ပုံတင်မဲ့ယာဉ်များ စီးနင်းသွားလာခြင်းများအား ဖော်ထုတ် အရေးယူဆောင်ရွက်သွားပါမည်။

(Source: ကညန)

No comments:

Post a Comment