Tuesday, June 18, 2013

ဈေးသက်သာ HTC Desire 200 ဖုန်း ထွက်ရှိမည်


ဈေးသက်သာပြီး Branded ဖြစ်တဲ့ ဖုန်းကိုမှ ကိုင်ချင်သူများအတွက် ထိုင်ဝမ် HTC မှာ မော်ဒယ်တစ်မျိုး ထုတ်လုပ်လိုက်ပါပြီ။ HTC Desire 200 လို့ ခေါ် ပါတယ်။

အရွယ်အစားကတော့ 107.7 x 60.8 x 11.9mm ဖြစ်ပြီး ပါးတဲ့ ဖုန်းတော့ မဟုတ်ပါဘူး။ ၁၁.၉ မီလီမီတာက ပုံမှာ ပြထားတဲ့အတိုင်း သိသိသာသာ ထူပါမယ်။ ၃.၅ လက်မ အရွယ်ဖုန်း ဖြစ်ပြီး မျက်နှာပြင် resolution 480 x 320 ရှိပါတယ်။

ဘက်ထရီက 1230 mAh ပဲဆိုတော့ talktime ၇.၄ နာရီတော့ ခံပါတယ်။ 3G ရပါတယ်။ ကင်မရာ 5 megapixel ရှိပါတယ်။ internal storage 4GB ရှိပြီး micro SD နဲ့ 32 GB ထပ်တိုးနိုင်ပါတယ်။ processor ကတော့ single-core Qualcomm Snapdragon S1 1Ghz processor ဆိုတော့ အနေတော်ပါပဲ။ RAM လည်း 512MB ရှိပါတယ်။

Wi-Fi, Bluetooth အစုံအလင် ပါရှိပြီး entry-level smartphone ဖြစ် ပါတယ်။ ဈေးကလည်း သက်သာပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၀ ပဲ ရှိပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့က စလို့ ဖြန့်ချိမယ့် ဖုန်း ဖြစ်ပါတယ်။ မြန်မာပြည်မှာ ပေါက်ဈေး ၁သိန်းခွဲ ဝန်းကျင် ရှိနိုင်မယ့် ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Aung kham (TSJ team)

.
http://blog.techspace.com.mm/2013/06/htc-desire-200.html

.

No comments:

Post a Comment