Wednesday, June 5, 2013

တက္ကစီများကို ရောင်းချသည့် CNG ဈေး ပြင်ဆင်သတ်မှတ်မည်

အများပြည်သူအတွက် သက်သာ ချောင်ချိမှု မရှိစေဘဲ ယာဉ်ပိုင်ရှင် လူအနည်းစုကိုသာ အကျိုးရှိ စေသဖြင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ (CNG-Compressed) ဈေးနှုန်းကို ပြင်ဆင် ရောင်းချ သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက်တွင်သတင်းထုတ်ပြန်လိုက်သည်။
ယင်းကဲ့သို့ ပြုလုပ်ရန် စီစဉ်ခြင်းမှာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ ယခုနှစ် ဧပြီလတွင် CNG ငှားယာဉ် များကို စက်သုံးဆီ အသုံးပြုမောင်းနှင်သော အငှားယာဉ်များ နှင့် ဈေးနှုန်းတစ်ပြေးညီ သတ်မှတ်ကာ မီတာဖြင့် ပြေးဆွဲစေမည်ဆိုပါက ဓာတ်ဆီ၊ ဒီဇယ်ဈေးနှုန်းများ နည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချသင့်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ရုံးသို့ တင်ပြလာခြင်းကြောင့် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ တင်ပြချက်အတိုင်း ဓာတ်ဆီ၊ ဒီဇယ် ဈေးနှုန်းများနည်းတူ CNG ဈေးကို တိုးမြှင့်ရောင်းချခြင်းကို မပြုလုပ် သေးသော်လည်း ပထမအဆင့်အနေဖြင့် အငှားယာဉ်များကို ရောင်းချသည့် CNG ဈေးကို သင့်တင့်မျှတသော ဈေးနှုန်းအဖြစ် ပြင်ဆင်ရောင်းချခြင်းကို မကြာမီစတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

No comments:

Post a Comment