Sunday, June 23, 2013

ကျူရှင်တွေထိန်းချုပ်ဖို့နှင့် မလိုလားအပ်တဲ့ဂျူတီ မစောင့်ရဖို့လို Sunday, 23 June 2013


ဆရာ၊ ဆရာမများကျူရှင်သင်ကြားတာကို ထိန်းချုပ်ဖို့နဲ့ ကျောင်း
အားလပ်ရက်အချိန်တွေမှာ မလိုလား

အပ်တဲ့ ဂျူတီစောင့်ရတာတွေကို ပညာရေးညီလာခံမှာ ဆရာ၊ ဆရာမများ
ကဏ္ဍအနေဖြင့် ထည့်သွင်း ဆွေးနွေးကြပါတယ်။

အခြေခံပညာကျောင်းနဲ့ တက္ကသိုလ်တချို့မှာ စနေ၊ တနင်္ဂနွေဂျူတီစောင့်
ရတာ ဖယ်ရှားပေးဖို့၊ လက် နက်ကိုင်အဖွဲ့အစည်းနယ်မြေအနီးရှိ
ကျောင်းတွေမှာ သက်ဆိုင်ရာဆရာ၊ ဆရာမတွေကိုကျောင်းတွင်း ရှိတယ်လီဖုန်း သတင်းပေးချက်ကို စောင့်ရတာ၊ မသင့်တော်တဲ့ ဂျူတီတာဝန်တွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကို အကြောင်းအမျိုးမျိုး
ပြပြီး ကျောင်းဈေးတွေမှာ ဈေးရောင်းခိုင်းတာတွေကအစ ပါဝင်ပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေရဲ့ တာဝန်နဲ့ ရပိုင်ခွင့်ကို ထိန်းကွပ်ပေးမယ့် ဥပဒေတစ်ရပ်ချပေးသင့်တာကို နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံဆွေးနွေး
ပွဲမှာ ကလေးမြို့နယ်မှ ဆရာဦးစန်းအောင်က ပြောပါတယ်။

သည်ညီလာခံမှာ ဆရာ၊ ဆရာမများရဲ့ အခန်းကဏ္ဍအဖြစ် အခြေခံမူ ၁၅ ချက်နဲ့ ဆွေးနွေးကြပါတယ်။ ဆရာ၊ ဆရာမများဟာ ကျောင်းသား၊ ကျောင်းသူ
များထံမှ အခကြေးငွေယူပြီး ကျူရှင်ပြခြင်းမရှိစေရလို့ ထည့်သွင်းဆွေးနွေး
ထားပါတယ်။ ကျူရှင်ကြောင့် အဆင်ပြေမှုများနေသလို အဂတိလိုက်စား
မှုတွေကိုလည်း ရှိနေတယ်လို့ သိရတယ်။

၁၉၈၄ ကျူရှင်ဥပဒေရှိတယ်ဆိုပေမဲ့ ဆရာတွေရဲ့စိတ်နေခံယူချက်တွေက
လည်း ပြင်ဖို့လိုအပ်နေပါ တယ်။ ကျူရှင်စနစ်ပပျောက်ဖို့ နည်းစုံဆွေးနွေး
တဲ့မှာ မိဘတွေရဲ့ ကျူရှင်ရောဂါစွဲနေတဲ့ အကြောင်း အရင်းကိုလည်း နည်းမျိုးစုံနဲ့ ပယ်ဖျက်နိုင်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။

အရည်အချင်းပြည့်မီတဲ့ ဆရာများကိုသာ မူလတန်းပညာရေးအတွက်
စတင်ပြီး ခန့်အပ်သင့်သလို သည်ဆရာ၊ ဆရာမများကို လစာပိုပေးသင့်
တယ်လို့ အကြုံပြုဆွေးနွေးကြပါတယ်။ ဆရာ၊ ဆရာမများကို လူမှုရေးဆိုင်
ရာ ဖြည့်ဆည်းပံ့ပိုးမှုတွေအပြင် စစ်ဘက်ဆိုင်ရာ အရာရှိများထက် မနည်းသောလစာ ကိုပေးဖို့လိုအပ်နေကြောင်းနဲ့ ဝေးလံခေါင်ဖျားမှာ လုပ်နေတဲ့ဆရာတွေကို သည်ထက်လစာပိုတိုးပေးဖို့ လိုကြောင်း ဆွေးနွေး
ကြပါတယ်။

ဆရာ၊ ဆရာမခန့်တဲ့အခါမှာသတ်မှတ်တဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့ ဆရာတွေကိုသာ ဦးစားပေးခန့်ဖို့ နဲ့ နိုင်ငံတော်မှခန့်အပ်တဲ့ ဆရာများကောင်စီမှ လုပ်ပိုင်ခွင့်လက်မှတ်ရရှိပြီးသူများ ဖြစ်ရပါမယ်။ တက္က သိုလ်ကောလိပ်များမှာ သင်ကြားမယ့်ဆရာ၊ ဆရာမများဟာသက်ဆိုင်ရာ ဘာသာရပ်များ အနိမ့်ဆုံးမ ဟာဘွဲ့ရရှိရမှာဖြစ်ပြီး သင်ကြားရေးဆိုင်ရာ
သင်တန်းများ တက်ရောက်ပြီးသူဖြစ်ရမယ်လို့ သိရတယ်။

ဒါနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို လွှတ်တော်ကို တင်မှာဖြစ်တယ်လို့ သိရတယ်။

မော်ဒန်သတင်းဂျာနယ်

No comments:

Post a Comment