Sunday, June 23, 2013

"Aroma Zulu Studio နှင့် Popular Journal သတင်းထောက်တို့ ကလိမ်ကကျစ်ပြုလုပ်ထားပုံ "


ယခု လက်ရှိ သုံးနေသော မဇာ၏ fb အကောင့် သည် အတုဖြစ်သည်ဟု အများသူငါ ထင်ယောင်ထာင်မှားဖြစ်အောင် Aroma နှင့် Popular Journal တို့မှ သတင်းလွှင့်နေပါသည်။

ယခု အောက်ပါပုံတွင် KhinZar Chi Kyaw Zar Lay အကောင့်သည် မဇာ ၏ တရားဝင် fb ပါဟု လိမ်လည်ကြေညာထားပြီး ယခုသုံးစွဲနေသော Khin Zar Chi Kyaw သည် အတုဖြစ်သည်ဟုကြေထားသည်။

မဇာ ယခု သုံးနေသော fb အကောင့်သည် အတုဟုတ်မဟုတ် မဇာ ထဲရှိ friends 5000 ကိုမေးမြန်းနိုင်သလို လွန်ခဲ့တဲ့ နှစ်ကတည်းက မဇာတင်ထားသော ဓါတ်ပုံများကို မဇာ fb တွင် ၀င်ရောက်ရှာဖွေနိုင်ပါသည်။

Bel'Air (ယခု Aroma Zulu ) ၏ လိမ်လည်မှုအရှုပ်တော်ပုံကို မဇာမှ ချပြလိုက်သည့် အတွက် မဇာ ကို ယခုကဲ့သို့ ၀ိုင်းဝန်းတိုက်ခိုက်နေကြသည်။

Bel'Air တွင် လိမ်လည်ထားသော ပိုက်ဆံသန်းချီကို ယခု စိန်လင်းသည် Aroma Zulu Studio နာမည်ဖြင့် အလွဲသုံးစားလုပ်ကာ ဆိုင်ဖွင့်ထားသည်။

မဇာ တင်ထားသော ပို့စ်များသည် လိမ်လည်ထားသော ဇာတ်လမ်းများသာ ဖြစ်သည်ဟု Aroma နှင့် Popular Journal တို့မှ ကြေညာထားသည်။

ထို့ကြောင့် Bel'Air ကြောင့် ဘ၀ ပျက်သွားသော မိသားစုများ ၊ သူငယ်ချင်းများ ၊ ဆွေမျိုးများ ရှိပါက မဇာကို တခုကူညီပေးဖို့ တောင်းဆိုချင်ပါတယ်...

-မိမိ ဆွေမျိုး မောင်နှများ သူငယ်ချင်းများထဲတွင် Bel'Air လိမ်လည်မှုကြောင့် မည်သို့ ဆုံးရှုံး ဘ၀ပျက်သွားရသည်ကို comment box တွင် ရေးပေးခြင်းဖြင့် ၀င်ရောက်ကူညီပေးကြပါ။

(အမှန်တရားအတွက် ဒီ post လေးကို လက်ဆင့်ကမ်းပေးကြဖို့ တောင်းဆိုချင်ပါတယ်ရှင်..)


Posted from Khin Zar Chi Kyaw

No comments:

Post a Comment