ကန့်ဘလူမြို့မှ ပေးပို့သောစာ။ ThanLarWaddy Times
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့တွင် (G.TC) ကျောင်းဆောက်ရန် လယ်ယာမြေနှင့်လူနေတဲ/အိမ်များကို သိမ်းဆည်းပြီး ပြန်လည်အစားချထားပေးရာတွင်
အမှန်တကယ်ဆုံးရှုံးနစ်နာသူများကို
မြို့နယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားမျှတမှုမရှိ
တန်းတူအခွင့်အရေး မပေးသည့်ကိစ္စများကို အထက်အဆင့်တာဝန်ရှိသူများနှင့်
သတင်းမီဒီယာများသိရှိစေရန် တင်ပြခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကန့်ဘလူမြို့တွင်
(G.TC) ကျောင်းဆောက်ရန် အတွက် သိမ်းဆည်းလယ်ယာမြေနှင့်လူနေတဲ/အိမ်များ မြေကွက်အစားပြန်လည်ချထားပေးရာတွင် တာဝန်ရှိလူကြီးများမှ လူတစ်စုကောင်းစားရေးဆောင်ရွက်ပေးနေပြီး ကျွန်တော် ဦးစိန်လွန်ဦး၊၅/ကဘလ(နိုင်)၁၅၁၇၂၈ ပါ (၂၂)ဦး နစ်နာမှုအပေါ် လစ်လျူရှုခံနေရသည့်အခက်အခဲများအား လိုအပ်သလိုကူညီဖြေရှင်း ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။
၂။ ကန့်ဘလူမြို့(G.T.C)ကျောင်းဆောက်ရန် ကျောင်းကွင်းမြေနေရာအတွက် ၂၀၁၁ခုနှစ် နှစ်ဆန်းပိုင်းက ပြည်သူများ၏ လယ်ယာမြေ(၁၅၀)ဧကနှင့်လူနေတဲ/အိမ် (၂၁)လုံးသိမ်းဆည်းခဲ့ပြီး အဆိုပါသိမ်းဆည်းခံရသော ပြည်သူများအား အစားထိုးမြေကွက်ပြန်လည်ချထားပေးရန် ကျောင်းကွင်းပြင်ပမှ လယ်ယာမြေ (၆၃)ဧကနှင့်လူနေတဲ/အိမ် (၁၈)လုံး ထပ်မံသိမ်းဆည်းခဲ့ပါသည်။
၃။ ထိုသို့သိမ်းဆည်းခံရသော လယ်ယာမြေနှင့် လူနေတဲ/အိမ်ပိုင်ရှင်ပြည်သူများအား လယ်ယာမြေ(၁)ဧက သိမ်းဆည်းခံရလျှင် (၆၀)ပတ်လည် မြေကွက်အစား(၁)ကွတ်၊လူအမြဲနေထိုင်သည့် လူနေတဲ/အိမ်
(၁)လုံးလျှင် (၆၀)ပေပတ်လည် (၁)ကွက်ပြန်လည်အစားပေးမည်ဟု ရွှေဘိုခရိုင်
အုပ်ချုပ်ရေးမှူး ဦးလှဦးမှ တောင်သူပြည်သူများအားလုံးနှင့်တွေ့ဆုံပြီး မိန့်ကြားထားပြီးဖြစ်ပါသည်။
၎။ အဆိုပါသိမ်းဆည်းမြေနှင့် လူနေတဲ/အိမ်
ကျောင်းကွင်းအတွင်းနှင့် ကျောင်းကွင်းပြင်ပ(၂)ရပ်ပေါင်း အတွက်
ပြည်သူများအား အမှန်တကယ်ပြန်လည်ချထားပေးရမည့်
မြေပြင်ရှိအမှန်စာရင်းမြေကွက်မှာ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှဦးမိန့်ကြားထားသည့်မှုအရ(၆၀)ပေပတ်လည်မြေကွက်ပေါင်း(၂၅၂)ကွက်ချထားပေးရမည်ဖြစ်ပါသည်။ သို့သော်လည်း သိမ်းဆည်းခံရသော ပြည်သူများအား မြေကွက်အစားပေးရန်အတွက် ကျောင်းကွင်းပြင်ပမှသိမ်းဆည်းမြေ(၆၃)ဧကပေါ်တွင်(၅၄)ဧကသာအသုံးပြုကာ(၆၀)ပေပတ်လည်မြေကွက်
ပေါင်း(၃၉၅)ကွက် အကွက်ရိုက်ချထားခဲ့ပါသည်။ ယင်းသို့အကွက်ရိုက်ချထားသော
(၃၉၅)ကွက်အနက် နစ်နာသူပြည်သူများသို့ (၃၂၉)ကွက်သာ
ချထားအသုံးပြုခဲ့သဖြင့်ပိုလျှံမြေကွက်(၆၆)ကွက်ကျန်လျှက်ရှိပါသည်။
၅။ ထိုသို့အသုံးပြုချထားပေးသော(၆၀)ပေပတ်လည်(၃၂၉)ကွက်သည် လယ်ယာမြေများနစ်နာဆုံးရှုံးပြီး ချထားပေးရမည့် မြေကွက်စာရင်းအမှန်မဟုတ်ပါ။ သိမ်းဆည်းစဉ်က မြေပြင်အမှန်ရှိပြန်လည်အစားပေးရမည့် မြေကွက်မှာ ကျွန်တော်ပါ(၂၂)ဦးအပါအ၀င် (၆၀)ပေပတ်လည်မြေကွက်ပေါင်း(၂၅၂)ကွက်သာဖြစ်ပါသည်။ ပိုပြီးအသုံးပြုထားသော (၇၇)ကွက်မှာ မြေ(၁)လက်မမှ နစ်နာဆုံးရှုံးမှုမရှိသော ကန့်ဘလူမြို့(မြို့မိမြို့ဖ)အဖွဲ့မှ (၅)ကွက်ရယူထားခြင်း၊ မြေပြင်တွင်မြေမရှိ၊အမည်မရှိသူများအား
အမည်အမျိုးမျိုးသုံးပြီး တာဝန်ရှိသူများ နှင့် လူတစ်စုကရယူထားခြင်း၊
လူနေတဲ/အိမ်မရှိဘဲ လူနေတဲ/အိမ်စာရင်ပြပြီး လူတစ်စုအား ချထားပေးထားခြင်း၊
လူနေတဲ/အိမ်(၁)လုံးတည်းဖြင့်
အကွက်စား(၂)ကွက် ချားထားပေးထားခြင်း စသည်တို့ဆောင်ရွက်ထားပြီး
လယ်ယာမြေအတွင်း အိမ်ခြံမြေကွက်ကျူး အဖြစ်ဝယ်ယူထားသော
စီးပွားရေးလုပ်ငန်းရှင်များအား ဦးပိုင်အစစ်မဟုတ်ဘဲ
တောင်သူဦးပိုင်များအမျိုးမျိုးခွဲပြီး (၀.၁၀)ဧကကို (၁)ကွက်နှုန်းဖြင့်
မြေကွက်များ မြောက်များစွာ ချပေးထားခြင်း စသည်တို့ဆောင်ရွက်ပေးထားပါသည်။
၆။ ကျွန်တော်ပါ(၂၂)ဦးမှ ကျွန်တော်တို့နစ်နာဆုံးရှုံးမှုအပေါ်
မြေကွက်အစားများတန်းတူ အခွင့်အရေးပေးရန်၊ မမှန်မကန်ရယူထားသူများ၏
မြေကွက်ကိုလည်း ပြန်လည်ရုပ်သိမ်းပေးရန်နှင့် မမှန်မကန်ဆောင်ရွက်ပေးနေသော
တာဝန်ရှိလူကြီးများအား ဖော်ထုတ်အရေးယူပေးရန်
မြေကွက်များပြန်လည်အစားပေးရေးမဲနှိုက်စဉ်ကတည်းက
သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်တန်းတင်ပြခဲ့ရာ တိုင်းအဆင့်
စုံစမ်းစစ်ဆေးရေးအဖွဲ့များ စစ်ဆေးသွားသော်လည်း ယနေ့ထိတစ်စုံတစ်ရာ
ထူးခြားမှုမရှိပါ။ မြေကွက်အစားမရရှိသေးသည့် (၂၂)ဦးအနက်
ကျွန်တော် ဦးစိန်လွင်ဦး၊ဦးအောင်ဆန်းဦး၊ဦးသန်းတိုးဝင်း၊ဒေါ်ခင်မြနှင့် ဒေါ်တောစိန် စသည့်(၅)ဦးတို့သည် ခြံစည်းရိုးများကာရံထားသည့် G.T.C ကျောင်းကွင်းအတွင်းတွင် ယနေ့အချိန်ထိယာယီလူနေတဲ/အိမ်များဖြင့်
ဝင်ထွက်သွားလာစရာ အပေါက်မရှိဘဲ ဒုက္ခအမျိုးမျိုးရင်ဆိုင်လျှက်
နေထိုင်ရဆဲပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဆင်းရဲနွမ်းပါးသည့်
ပြည်သူများဖြစ်ကြပြီး မြေကွက်များအစား ပြန်လည်မရရှိလျှင်
လူနေအိမ်ဆောက်လုပ်ပြီး ရပ်တည်နေထိုင်ရန် အခြားမြေနေရာ တစ်စုံတစ်ရာမှ
မရှိသူများဖြစ်ကြပါသည်။
၇။ သို့ဖြစ်ပါသဖြင့် ကျွန်တော်တို့၏
နစ်နာမှုများကို သက်ဆိုင်ရာများသို့ တင်ပြခဲ့သော်လည်း ယနေ့ထိတစ်စုံတစ်ရာ
ဆောင်ရွက်ပေးမှုမရှိပါသဖြင့် နိုင်ငံတောင်သမ္မတကြီးနှင့်တကွ သက်ဆိုင်ရာ
တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ သိရှိစေရန် လိုအပ်သလို
ကူညီဖြေရှင်းဆောင်ရွက်ပေးပါရန် ရိုသေစွာ မေတ္တာရပ်ခံအပ်ပါသည်။
၁။ဦးစိန်လွင်ဦး(ပါ)၂၂-ဦ
(ဘ)ဦးကျော်ဆန်း
၅/ကဘလ(နိုင်)၁၅၁၇၂၈
G.T.C ကျောင်းကွင်းအတွင်း
အမှတ် (၂)ရပ်၊ ကန်ဘလူမြို့
ဖုန်း - 09 - 47013576
09 – 47066609
09 – 400434890
09 – 47066489
09 - 256002484
No comments:
Post a Comment