Saturday, October 26, 2013

BBC သတင်းဌာန၏ အပြုအမူအပေါ် ဝေဖန်မှုများထွက်ပေါ် News Watch(စောင့်ကြည့်သတင်းဂျာနယ်)



ဒေါ်အောင်ဆန်းစုကြည်က လှုမျိုးရေး သုတ်သင်မှုမရှိဟု ဖြေကြားခဲ့သော အင်တာဗျုးတွင် BBC အနေဖြင့် လှုမျိုးရေး၊ အထူးသဖြင့် မွတ်စလင်တို့နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် သက်ဆိုင်သော မေးခွန်းများကို မေးမြန်းရေးအတွက် မွတ်စလင်အမျိုးသမီးဖြစ်သူ မစ်ရှယ်ဟူစိန်ကို အင်တာဗျုးပြုလုပ်ရန် တာဝန်ပေးအပ်မှုအပေါ် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။

“မစ်ရှယ်ဟူစိန်က မွတ်စလင်အမျိုးသမီးဆိုတော့ မွတ်စလင်တွေပဲ တစ်ဖက်သတ်ခံနေရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ မေးခွန်းတွေ မေးသွားတယ်။ ဘာနဲ့တူသလဲဆိုတော့ ဥပမာ ထိုင်း-မြန်မာဘောလုံးပွဲမှာ ထိုင်းဒိုင်ကို တာဝန်ပေးသလိုမျိုးပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဒီပြဿနာတွေဟာ အကြောက်တရားက အခြေခံပြီး ဖြစ်လာတာလို့ ဖြေသွားတာ သိပ်မှန်တယ်။ လူမျိုးရေး သုတ်သင်တယ်၊ သတ်ဖြတ်တယ်ဆိုတာ တကယ်လည်း ဟုတ်မှ မဟုတ်တာ။” ဟု အဆိုပါ အင်တာဗျူးကို ကြည့်ရှုပြီးသော ၀ါရင့်သတင်းအယ်ဒီတာတစ်ဦးကဝေဖန်သည်။

အဆိုပါ အင်တာဗျုးတွင် ဒေါ်အောင်ဆန်းစုကြည်က “လူမျိုးတုန်း သုတ်သင်မှု မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ လိုက်လျောညီထွေနေထိုင်နေတဲ့၊ အစွန်းမရောက်တဲ့ မွတ်စလင်တွေ အများအပြားရှိတယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီပြဿနာတွေဖြစ်ရတာက နှစ်ဖက်စလုံးမှာ ရှိနေတဲ့ အကြောက်တရားကနေ အခြေခံပြီး ဖြစ်ပေါ်လာတာပါ။ အကြောက်တရားက မွတ်စလင်တွေဘက်မှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေဘက်မှာလည်း ရှိနေတယ်ဆိုတာကို တစ်ကမ္ဘာလုံးက နားလည်ထားဖို့လိုပါတယ်” ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူမျိုးရေးပဋိပက္ခများအပေါ် နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားအောင် နောက်ကွယ်မှကြိုးကိုင်ဖန်တီးမှုများရှိနိုင်ကြောင်း သံသယရှိခဲ့သည့်အတွက် ယခင်က ၎င်း၏ သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုခဲ့သော်လည်း ယခုအခါ နိုင်ငံတကာ၏ အမြင်မှားအပေါ် BBC မှတစ်ဆင့် ထုတ်ဖေါ်ပြောကြားခဲ့ပြီဖြစ်သည်။

No comments:

Post a Comment