Thursday, October 17, 2013

မင်္ဂလာသတင်းလေးပါ Myanmar Forward


အိန္ဒိယနိုင်ငံ နာဂပူမြို့
လူတစ်သိန်းကျော် ဗုဒ္ဓဘာသာ ခံယူပွဲ ကျင်းပ
================================
အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုးအများစုနေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်းအခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ် အဆောက်အဦဝင်းအတွင်း၌ (13 -10 -2013)ရက်က ကျင်းပရာ ဂယာမြို့ မဂဓတက္ကသိုလ်၌ တက်ရောက်နေသော တပည့်ဖြစ်သူ အရှင်ဂုဏိဿရ(သာသနဓဇဓမ္မာစရိယ)အပါအဝင် မြန်မာရဟန်းတော်(၁၅)ပါးထိုင်းရဟန်းတော်(၁၀)ပါး နာဂပူမြို့ခံရဟန်းတော်(၂၀၀)ပါး နှင့်မြို့သူမြို့သားပရိသတ်ရှစ်သိန်းကျော်တက်ရောက်ကြပါသည် ယခင် ပရိသတ်(၁၅)သိန်းခန့်တက်ရောက်ဖို့စီစဉ်ထားသော်လည်း အစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမားအချို့က ဗုံးဖေါက်ခွဲမည်ဟု သတင်းလွှင့်မှုကြောင့် ထက်ဝက်ခန့်သာတက်ရောက်ရဲကြောင်းသိရပါသည်
အခမ်းအနားမှာ သရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီး သံဃာတော်များကလည်း ပိဋကသုံးပုံအလှည့်ရွတ်ဆိုကာနာဂပူမြို့တပ်မတော် မှလည်း စစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည်
နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်းလည်းသိရှိရပါသည်
by ဗိုင်း ရပ်စ်
သာဓု သာဓု သာဓုဗျာ သူငယ်ချင်းတို့လဲ သာဓုခေါ်ဆိုနှိုင်ပါစေ

No comments:

Post a Comment