Saturday, October 26, 2013

အစိုးရ သတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့် သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ၏အာဘော် တစ်ခုတည်းကိုသာ ဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည် သတင်းဆောင်းပါး


အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အဖြစ်သို့ ပြောင်းလဲမည်ဟု ထုတ်ဖော် ပြောကြားထားသော အစိုးရ သတင်းစာများသည် အများပြည်သူ စိတ်ဝင်စားသည့် သတင်းများကို ဖော်ပြခြင်းမရှိဘဲ ယခင်အစိုးရ လက်ထက်ကအတိုင်း အစိုးရ၏အာဘော် တစ်ခုတည်းကိုသာ ဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက် ရပ်တည်နေကြောင်း သိရသည်။

အနီးကပ်ဆုံး ဥပမာအနေဖြင့် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲ သတင်းကို အစိုးရ သတင်းစာ သုံးစောင်စလုံးတွင် လုံးဝဖော်ပြခဲ့ခြင်း မရှိသည့်အပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ၀င်ရောက်အရွေး ခံတော့မည် မဟုတ်ကြောင်း သူရဦးရွှေမန်း၏ ပြောကြားချက်ကိုလည်း တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိခဲ့ချေ။ ထို့အတူ အောက်တိုဘာ ၂၄ ရက်မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အနေဖြင့် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ မကဘဲ ဗုဒ္ဓဘာသာဝင်များ အကြားတွင်ပါ ကြောက်ရွံ့မှုများ ရှိနေသည်ကို နားလည်ပေးဖို့ လိုကြောင်း အစရှိသော ပြောကြားချက်များကိုလည်း အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။

အောက်တိုဘာ ၂၅ ရက်ထုတ် အစိုးရ သတင်းစာများ၏ မျက်နှာဖုံးတွင် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်သည့် သတင်းကိုသာ ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခဲ့ပြီး လောကနန္ဒာ မြစ်ရေတင် ပင်မရေတင်စခန်း၌ သောင်တူးခြင်း အမြန်ဆုံး ဆောင်ရွက်လျက်ရှိ သတင်း၊ မန္တလေးမြို့တွင် ကုန်ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်မည် ဆိုသည့် သတင်းများကို ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၅ ရက်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲမှ ပြောကြားချက် သတင်းများ၊ ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် သတင်းများအပြင်

Read More -----> http://www.news-eleven.com/local/24590

No comments:

Post a Comment