Thursday, October 17, 2013

အသက် ၉၂ နှစ် တွင် ဂါးဒီးယန်း ဦးစိန်ဝင်း ကွယ်လွန်

တစ်ခေတ် တစ်ခါ က ထင်ရှား ကျော်ကြား ခဲ့ပြီး ယနေ့ ထက် တိုင် မြန်မာ သတင်းစာ ဆရာများ စံထား အတုယူ နေရ သော သတင်းစာ ဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်း သည် အသက် ၉၂ နှစ် အရွယ် တွင် ရန်ကုန် မြို့ ရှိ မဟာမြိုင် ဆေးရုံ တွင် ယနေ့ အောက်တိုဘာ ၁၇ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် ခန့် တွင် လူကြီး ရောဂါ ဖြင့် ကွယ်လွန် သွား ကြောင်း ၎င်း၏ သား သမက် ဖြစ်သူ ဦးမင်းဇော် က အတည်ပြု ပြောကြား သည်။

“ စနေ့နေ့ လောက် သဂြိုင်္လ် မယ် လို့ ခန့်မှန်း ထားတယ်။ သေချာ တဲ့ နေ့ ကို ထပ်ပြီး အတည်ပြု ပေး ပါမယ်။ လော လောဆယ် ဆေးရုံ ကတောင် မသယ် ရ သေးဘူး" ဟု ၎င်း က ဆိုသည်။

သတင်းစာ ဆရာ ဂါးဒီးယန်း ဦးစိန်ဝင်း ကို ၁၉၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နေ့ တွင် မွေးဖွား ခဲ့ပြီး အသက် ၉၂ နှစ် တွင် ကွယ်လွန် သွားခဲ့ ခြင်း ဖြစ်သည်။

People power

No comments:

Post a Comment