Monday, October 14, 2013

အီရန်အစိုးရက ဘာသာကူးပြောင်းသူ နိုင်ငံသား ခရစ်ယာန်တရားဟော ဆရာ တစ်ဦးအား သေဒဏ်ချမှတ် Nay Wai's status

အီရန်အာဏာပိုင်များမှ ဖမ်းဆီးထိန်းသိမ်းထားသော အီရန် ခရစ်ယာန်တရားဟော ဆရာ (Christian pastor Youcef Nadarkhani) အား နိုင်ငံဘာသာရေးခုံရုံးမှ သေဒဏ်အမိန့်မချမှတ်မှီ မူဆလင်ဘာသာ သို့ ပြန်လည်ကူးပြောင်းရန် သွေးဆောင်နေကြပါသည်။ အီရန် ထောက်လှမ်းရေးအရာရှိများက ၊ အချုပ်ကျနေသော အသက် ၃၄ နှစ်အရွယ် ခရစ်ယာန် တရားဟော ဆရာ ယူဆဖ် နာဒါခါနီ ကို သွားရောက်တွေ့ဆုံကာမူဆလင် ဘာသာရေး စာအုပ်တစ်အုပ်ပေးခဲ့ပြီး နောက်မှ ပြန်လည်ဆွေးနွေးမည် ဟုပြောခဲ့ဲ့ကြောင်းသတင်းများမှ သိရပါသည်။ /သေဒဏ်ကျခံဖွယ်ရာရှိသော အီရန်လူမျိုးခရစ်ယာန်တရားဟောဆရာ ယူဆဖ်နာဒါခါနီ/ နာဒါခါနီ သည် အယူခံကာလတွင် အကျဉ်းကျခံနေရပြီး နောက်ဆုံးစီရင်ချက် ကို စောင့်စားနေပါသည်။ စီရင်ချက်မှာလည်း နိုင်ငံတကာမှ ၄င်း၏ အမှုကို မျက်ခြေမပြတ် လိုက်လံ ဖိအားပေး စောင့်ကြည့်နေမူကြောင့် ကြန့်ကြာနေဟန် ရှိပါသည်။ အီရန် တရားရေးမှ သူတို့ ၏ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတကာ ဖိအားပေးမူများ နှင့် နိုင်ငံရေး ရှူတ်ထွေးမူများ ပိုမိုပေါ်ပေါက်လာမည်ကို စိုးရိမ်နေဟန်ရှိပါသည်။ နာဒါခါနီ ကို လွတ်ပေးရန်မှာလည်း ဗဟိုတရားရုံး မှ ရှာရီယားမူဆလင် ဥပဒေ ကို စော်ကား မထေမဲ့မြင် ပြုသလိုဖြစ်နေပြီး သေဒဏ်ပေးရန်မှာလည်း နိုင်ငံအတွက် နိုင်ငံတကာမှဝေဖန်ရှူံ့ ချမူများ ပြင်းထန်စွာ ရင်ဆိုင်ရဖွယ်ရှိနေပြန်ပါသည်။ ဗဟိုတရားရုံးမှ ဘာသာရေးခေါင်းဆောင် အရာတိုလာ ခါမေနီ ထံ စာတစောင်ပို့ခဲ့ပြီး ၄င်းထံမှ နောက်ဆုံးစီရင်ချက်ကို တောင်းခံ ခဲ့ပါသည်။ သမာရိုးကျ မဟုတ်သော်လည်း အာဏာပိုင်များမှာ ဤအမူ့၏ ကွဲပြားခြားနားသော အသွင် အပြင်များ ရှိနေသဖြင့် သေဒဏ်စီရင်ရန် ခါမေနီ ထံမှ သဘောတူညီချက်ကို တောင်းခံနေခြင်းဖြစ်ပါသည်။ ခါမေနီအနေဖြင့်မူ နောက်ကွယ်မှသာ နေလိုသူဖြစ်သဖြင့် ဤအမှုအတွက် လက်ရှောင်နေမည့်ပုံရှိပြီး ၊ သေဒဏ်စီရင်မှုမှာ အောက်ရုံးတွင် တာဝန်ရှိနေမ်ာဖြစ်ကြောင်း ယူဆနေကြပါသည် ။ မူဆလင် မိသားစု မှ ပေါက်ဖွားကြီးပြင်းလာသူ နာဒါခါနီ သည် ၂၀၀၆ ခုနှစ်၌ သူ၏ ခရစ်ယာန်ဘုရားကျောင်းကို အီရန် ၌ တရားဝင်မှတ်ပုံတင်ရန်ကြိုးပမ်းမူ ကြောင့် အဖမ်းအဆီးခံရပြီး ပြန်လည်လွတ်မြောက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ် တွင်မူ သူ၏ ကျောင်းတည်ရှိရာ ရပ်ကွက်အာဏာပိုင်များ ထံသွားရောက်၍ ကလေး သူငယ်များ အား မူဆလင်ဘာသာသို့ အဓ္ဓမ အတင်း သွတ်သွင်းခြင်း မပြု ရန် ဝေဖန်ပြောဆိုခဲ့ရာ မှ ပြန်လည်အချုပ်အနှောင်ခံခဲ့ရခြင်း ဖြစ်ပါသည်။ https://www.facebook.com/pages/မြန်မာမျိုးချစ်လူငယ်များ/142227145975588?ref=hl ခရစ်ယာန်ဘာသာကို စွန့်၍ မူဆလင်ဘာသာသို့ ပြန်လည်ကူးပြောင်းမှသာလျှင် သေဒဏ် မှ လွတ်မြောက်နိုင်မည် ဟု အောက်တရားရုံးမှ အမိန့်ချမှတ်ခဲ့သော်လည်း နာဒါခါနီ မှ လက်မခံဘဲ ဗဟိုတရားရုံးချုပ်သို့ ဆက်လက်အယူခံ ဝင်နေခြင်းဖြစ်ပါသည်။ မူဆလင်ဘာသာကို စွန့်ပြစ်ခြင်း သည် အီရန်ရှာရီယားဥပဒေ (Shariah law) အရ သေဒဏ်ထိ အပြစ်ပေးနိုင်ပါသည်။ မူဆလင်ဘာသာဝင် အဖြစ်မှ အခြားဘာသာသို့ ကူးပြောင်းသွားသူ အား mortad ( မူဆလင်ပျက်) ဟု ခေါ်ဆိုပြီး ကူးပြောင်းသွားသူမှ အခြား လူများကို ပါ ဘာသာကူးပြောင်းရန် သွေးဆောင်ပါက မိုတာဒ် ဟာဗီ (mortad harbi) ဟုခေါ်ဆိုပြီး ၄င်းအား မူဆလင်ဘာသာကို စစ်ကြေငြာသူ ဟု သတ်မှတ်ထားပြီး အီရန်ပြစ်မှုဆိုင်ရာဥပဒေ (Iran’s penal code) အရ သေဒဏ် အပြစ်ပြဋ္ဌာန်း ထားပါသည် ။ သေဒဏ်စီရင်ချက်ထွက်လာပြီး နောက်နေ့တွင် အမေရီကန်သမ္မတ ဘားရက်အိုဘားမား နှင့် အိမ်ဖြူတော်က အီရန်အစိုးရအား ပြစ်တင်လိုက်ပြီး ၊ အဆိုပါလုပ်ရပ်သည် အီရန်အစိုးရက သဘောတူညီကြောင်း လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာချက် (the United Nations Declaration of Human Rights) ကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း ဝေဖန်ထောက်ပြ လိုက်ပါသည် ။ အကိုးအကားများ - - http://www.foxnews.com/world/2011/11/04/iranian-authorities-pressuring-jailed-christian-pastor-to-convert-to-islam/ - http://en.wikipedia.org/wiki/Youcef_Nadarkhani - http://www.ibtimes.com/articles/223385/20111002/youcef-nadarkhani.htm

No comments:

Post a Comment