Thursday, October 17, 2013

မုံရွာမြို့နယ် မြေစာရင်းဦးစီးဌာ မှ ၀န်ထမ်းများ ၏ ခေတ်ပြောင်းသော် လည်း အကျင့်မပြောင်း သေး ThanLarWaddy Times

" မုံရွာမြို့နယ် မြေစာရင်းဦးစီးဌာ မှ ၀န်ထမ်းများ ၏ ခေတ်ပြောင်းသော် လည်း အကျင့်မပြောင်း သေးလို့ မုံရွာမြို့ မှ ပြည်သူတွေထဲက ပြည်သူ တစ်ချို့ ကတော့ ဒုက္ခပင်လယ်တောမှာ မျှောနေလျှက်ရှိကြပါသေးတယ်။ လယ်ယာမြေမှတ်တင်ဘို့ အခက်ကြုံသူတွေ ရှိနေသေးသလို မြေဂရမ် အတွက်အခက်ကြုံနေရတဲ့မုံရွာမြို့နေပြည်သူများရဲ့ဒုက္ခ၀န်ကြီးချုပ်သိလေမှ
ကောင်းပါလှမယ်ဆိုပြီး ကျွန်တော်တို့ သလ္လာဝတီတိုင်းမ် အယ်ဒီတာအဖွဲ့ ကို Messages ပေးပို့ အကူအညီတောင်းခံချက်ကို တင်ပြပေးလိုက်ရပါတယ်။
=========================================
သို့ / ၀န်ကြီးချုပ်

မြို့နယ်မြေစာရင်းဦးစီးဌာနသို့ ကျွန်မဒေါ်သန်းသန်းအေးသည် မုံရွာမြို့နယ် တရားရုံး၏ အမိန့်နှင့်ပူးတွဲ ( ၂၈ / ၈ / ၂၀၁၃ ) ရက်စွဲပါ အမည်ပြောင်းလျှောက်ထားခြင်းအပေါ် ၂၀၁၃-ခုနှစ်၊ အောက်တိုဘာ ၁၄ ရက် ကျော်လွန်မှ တင်သွင်းသည့် ကန့်ကွက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်းဟု ဖော်ပြ၍ ( သက်ဆိုင်ရာ တရားရုံးတော်၏ ယာယီ တားဝရမ်းဖြင့် { ( ၁၅ / ၁၁ / ၂၀၁၃ ) ရက်နေ့ ရုံးချိန်အတွင်းနောက်ဆုံးထား၍ တင်ပြကန့်ကွက်ရန် အကြောင်းကြားပါသည်။ } ဟု ခိုင်လုံသော အထောက်အထား တရားရုံးတော်၏ အမိန့် တစ်စုံ တစ်ရာ မပါရှိဘဲ မမှန်မကန် ကန့်ကွက်တင်ပြသည့် ဘက်လိုက်၍ အချိန်ဆွဲပေးနေပါသည်။
သို့ဖြစ်ပါ၍ တရားရုံး၏ အမိန့်စာနှင့် အမည်ပြောင်းလျှောက်ထားခြင်းအား မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် အမည်ပြောင်းပေးပါရန် အသနားခံတင်ပြအပ်ပါသည်။

ဒေါ်သန်းသန်းအေး
၅/မရန(နိုင်) ၀၂၅၈၀၆
အမှတ်( ၂ ) နယ်မြေ ( ၁၀ ) လမ်း
နန္ဒ၀န်ရပ်ကွက်၊ မုံရွာမြို့။

No comments:

Post a Comment