Thursday, October 17, 2013

ဗုံးခွဲအကြမ်းဖက်သမားတစ်ဦး ထပ်မံဖမ်းဆီးမိ ။

ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာဖြစ်ပွားခဲ့တဲ့ ဗုံးဖောက်ခွဲမှုတွေကို ကျူးလွန်ခဲ့သူနှစ်ဦးအနက်တစ်ဦးကို အောက်တိုဘာ ၁၆ ရက်နေ့ညက မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်းနဲ့ ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်
နေဆဲဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီဗုံးဖောက်ခွဲမှုတွေ ကျူးလွန်ခဲ့သူနှစ်ဦးရဲ့ ရုပ်ပုံတွေကို မန္တလေးမြို့ ရွှေဘဲ
စားတော်ဆက်နဲ့ စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီတော်မှာတပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာတွေကရရှိခဲ့တာဖြစ်ပါတယ်။အဲဒီ ကင်မရာတွေက အောက်တိုဘာ ၁၃ ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာ အခုလို တွေ့ခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။

ထပ်မံစုံစမ်းတွေ့ရှိရတဲ့ အချက်အလက်တွေအရ အဲဒီတရားခံတွေဟာ နာရီ ၄ဝ ခန့်
အကြာမှာ ပေါက်ကွဲအောင်အချိန်ကိုက်ထားတဲ့ ဗုံးတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကတည်းက မန္တလေးမြို့ ရွှေဘဲစားတော်ဆက်နဲ့ စစ်ကိုင်းမြို့ ဆွမ်းဦး
ပုညရှင် စေတီတော်တွေမှာ ထောင်ထားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

RFA.

No comments:

Post a Comment