Thursday, October 17, 2013

ဗုံးပေါက်ကွဲမှုများကြောင့် မုံရွာဘုရားပွဲကြီး လုံခြုံရေးအတွက် အရန် တပ်ဖွဲ့ အသင့်ထားရှိ==== ကိုသစ္စာ မုံရွာ ၊ အောက်တိုဘာ ၁၅

မြန်မာ နိုင်ငံရှိမြို့ကြီးများတွင် ဗုံးပေါက် ကွဲမှုများဆက်တိုက်ဖြစ်ပေါ်နေ သောကြောင့် မုံရွာမြို့၏ အစည် ကားဆုံး သီတင်းကျွတ်ဘုရားကြီး ပွဲတော်တွင် လုံခြုံရေးအတွက် လိုအပ်ပါက အရန်တပ်ဖွဲ့မှ အ သင့်ပြင်ဆင်ထားကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးဦးစီး ဦးမောင်ဆန်း က ရန်ကုန်တိုင်းမ်သတင်းစာ သို့ ပြောကြားသည်။

''အရန်အသင့်ဖွဲ့ထားတဲ့ အင်အား ၈၀ ရှိတယ်။ ပုံမှန်တော့ မုံရွာခရိုင်က လုံခြုံရေးတပ်ဖွဲ့အင် အားနဲ့ပဲလုပ်မယ်။ အခြေအနေ အရ လိုအပ်ရင် အရန်အစုအဖွဲ့ က အားဖြည့်လုပ်မှာဖြစ်ပါတယ်'' ဟု ရဲမှူးကဆက်လက်ပြောသည်။

မုံရွာမြို့၏သီတင်းကျွတ်ဘုရားကြီးပွဲမှာသမိုင်းဝင်ဆု တောင်းပြည့်ဘုရားကြီးမှ ပြုလုပ် ပြီး ရွှေစည်းခုံဘုရားနှင့်ဆုတောင်း ပြည့်ဘုရားကြားဘုရားကြီးလမ်း မှာ လူအစည်ကားဆုံးနှင့် ဈေး သည်အပေါဆုံးလမ်းဖြစ်ကာ အ နယ်နယ်အရပ်ရပ်မှ ၁၂ ပွဲဈေး သည်များ ဈေးဝယ်လာရောက် ရာပွဲတော်ကြီးဖြစ်သည်။

''ပွဲက သီတင်းကျွတ်လပြည့် ကျော် ၅ ရက်ကနေ လကွယ်နေ့ အထိကျင်းပတာ ဆိုင်ပေါင်း ၉၀၀ နီးပါးရှိတယ်။ အခုလို ဗုံးသတင်း တွေကြောင့် လူမစည်မှာ စိုးရ တယ်။ လူမလာလို့ မရောင်းရရင် ဈေးသည်တွေ အများကြီး ရင်း နှီးထားရတော့ နစ်နာပါတယ်။ ပွဲတော်မစခင် လပြည့်မတိုင်ခင် ကတည်းက တချို့ကလာပြီး နေ ရာချရောင်းကြတာ''ဟု ပွဲတော် တွင် လာရောက်ရောင်းချရန် ပြင်ဆင်နေ သည့် ဈေးသည်တစ် ဦးက ပြောသည်။

News Link=>http://goo.gl/JoowP6


Yangon Media Group

No comments:

Post a Comment