Thursday, October 17, 2013

အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြည်မြို့တွင် ကြိုးဆွဲချသေဆုံး ပြည်သတင်း


ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ် ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်ခြံဝန်းအတွင်းရှိ ကားဂိုဒေါင်ထဲ မှ ထုတ်တန်းတွင်ကြိုး
ပေါင်းတည်မြို့နယ် သဲမဲရွာနေထိုင်သူ (ဘ)ဦးမြစိုး၏သမီး မရီရီစိုး (၁၈)နှစ် သည်ကြိုးဆွဲချသေဆုံးနေလျှက်ရှိခဲ့သည် အဆိုပါ မိန်းကလေးသည် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်/အပိုင်(၃)/(၂)လမ်းရှိ ဦးကြည်လှိုင် (၇၂)နှစ်
ခရိုင်ဆောက်လုပ်ရေးအင်ဂျင်နီယာ(ငြိမ်း) ၏နေအိမ်တွင် အိမ်ဖော်လုပ်ဆောင်နေသူဖြစ်ပြီး သေဆုံးနေစဉ် တာဝန်ရှိသူများမှ သက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိ ကြိုးကွင်းစွပ်သည့်ဒဏ်ရာသာတွေ့ရှိခဲ့ပါသည်။

အဆိုပါမိန်းကလေးသေဆုံးမှု မှာ (၁၆.၁၀.၂၀၁၃)ရက်နေ့ (၆း၅၀)အချိန်ခန့်တွင် သေးဆုံးလျှက်ရှိပြီး တာဝန်ရှိသူများမှ အသိသက်သေများရှေ့တွင် အလောင်းအား ဖြုတ်ယူပြီး ပြည်မြို့ ပြည်သူ့ဆေးရုံးကြီးသို့ သွားရောက်အပ်ခဲ့ကြောင်း
သတင်းရရှိခဲ့ပါသည်။ အဆိုပါသေဆုံးမှု့နှင့်ပက်သတ်ပြီး ပြည်အမှတ်(၃)စခန်းမှ ဒုရဲအုပ် ဇော်လွင်ထွန်း(လ.၁၈၆၇၀၉)မှ တရားလိုပြုလုပ်တိုင်တန်းထားပြီး (၈/၂၀၁၃) သေမှုသေခင်းဖြင့် ပြည်အမှတ်(၃)စခန်းမှုးထံသို့ ဓမ္မတာအတိုင်းသေဆုံးသည်
ဟုတ်မဟုတ်စစ်ဆေးပေးပါရန် တတိုင်တန်းထားကြောင်းသတင်းရရှိခဲ့ပါသည်။
ပြည်သတင်း
https://www.facebook.com/pyaynews


1 comment:

  1. အဘယ်ကြေင့်သေဆုံးရတာလဲဆိုတာလေးသေချာစုံစမ်းပေးစေလိုပါတယ် ပြည်မြို့လူငယ်

    ReplyDelete