Wednesday, October 16, 2013

မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့် အမှိုက်ပုန်းပေါ်တွင် မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့၊ဗုံးမဟုတ်ဘဲ လက်ကိုင်အိတ်တလုံးသာဖြစ် ရန်ကုန်-အောက်တိုဘာ၁၅


နံနက်၁၀နာရီက မဟာဗန္ဓုလနှင့် ၃၈လမ်းထောင့်ရှိ အမှိုက်ပုန်းပေါ်တွင်
မသင်္ကာဖွယ်ရာ အတာချီကေ့တလုံးတွေ့ရှိခဲ့ရာ ရဲတပ်ဖွဲ့မှသွားရောက်စစ်ဆေးခဲ့ရာ ဗုံးမဟုတ်ဘဲ လက်ကိုင် အိတ်တ လုံးသာဖြစ်ပြီး အိတ်ထဲတွင် ဘာမှမပါကြောင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးဦးဝင်းကြည်က ပြောသည်။

စည်ပင်ကတွေ့ပြီးရဲကို အကြောင်းကြားလိုက်တာပါဟု ရဲတပ်ဖွဲ့တစ်ဦး ကပြောသည်။

အနီးနားရှိကွမ်းယာဆိုင်မှ ဈေးသည်က ကျွန်တော်သိတောင်မသိပါဘူး .လူတွေအုံလာမှသိတာဟု ပြောသည်။

၇န်နိင်


ဓါတ်ပုံ-အောင်နိင်စိုး(ကစ္ဆပ)
Popular Myanmar News Journal

Thit Htoo Lwin blog

No comments:

Post a Comment