Thursday, October 31, 2013

ရေနံချေးများပိတ်နေသဖြင့် ဆေးကြောရာမှ မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ အောက်တိုဘာ ၃၁

၃၀-၁၀-၂၀၁၃ ရက်နေ့ ၁၂၄၅ အချိန် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မောင်းတိုင်(၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ တောင်တွင်းကြီးမှငမင်ကျေးရွာသွား ကျောက်ချောလမ်း၏တောင်ဘက်၊ ကိုက်(၂၀၀)ခန့်အကွာ တောတွင်း၌ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၈)လမ်း၊ ၇၁ x ၇၂ ကြားနေ အာကာ(၃၄)နှစ်ပိုင် ရေနံချက်ဖို(၂)ဖိုအနက် အမှတ်(၂)ရေနံချက်ဖိုအနီး အမှတ်(၁/၂)ရေကန်မှ ဆီစစ်ကန်သို့ သွယ်ထားသည့် ပိုက်လိုင်း(၂)လိုင်းတွင် ရေနံချေးများပိတ်နေသဖြင့်ဆေးကြောရန် ပိုက်လိုင်းအတွင်း ကော့စတစ်ဓါတု ဆေးမှုန့်အား ရေဖြင့်ရော၍ အမှတ်(၁)ရေကန်အတွင်းသို့မောင်းတင်ခဲ့ရာ ရေနံချက်ဖို(၂)အတွင်းသို့ ဆက်သွယ်ထားသည့် ပိုက်လိုင်းဘား မလုံသောကြောင့် ကော့စတစ်နှင့်ရေနံစိမ်းများ ရောနှောထိတွေ့ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား ခဲ့ကြောင်းသိရှိရသည်။
မီးလောင်ရာသို့ တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ၁၅၀၀ အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း ရေနံစိမ်းချက်ဖို(၁)ဖို၊ တန်ဘိုးငွေကျပ်(၁၁၆၈၀၀၀ိ/-)ဆုံးရှုံးခဲ့သဖြင့် အာကာအား တောင်တွင်းကြီးမြို့မရဲစခန်း(ပ)၂၀၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment