Thursday, October 17, 2013

ှဗုံးဖောက်ခွဲသူများကို Eleven Media မှ ဖော်ထုတ် မြန်မာ မီဒီယာ များ မြန်မာ စာရေး တတ်ရန် အတွက် ပြန်လည် သင်ကြားရန် လို


ယနေ့ 16 - 10 - 2013 ရက် နေ့ ၁၁း၀၀ နာရီ ခန့် တွင် Eleven Media Group Page https://www.facebook.com/ElevenMediaGroup/posts/584507051586922 တွင် ဖော်ပြ ထားသော သတင်း တစ်ပုဒ် ကို ဖတ်ပြီး တအံ့ တသြ ဖြစ်မိ ပါသည် ...

မူရင်း သတင်း ဖော်ပြ ချက် မှာ -

( ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည် က အစိုးရ အုပ်ချုပ်ရေး ပိုင်း မှ ဗုံးဖောက် ခွဲ သူများ ကို အမြန်ဆုံး ဖမ်းဆီး ရန် လိုအပ် ကြောင်း တိုက်တွန်း ပြောကြား သည် ) ဤ ဝါကျ တွင် ဝါကျ အထား အသို မှားယွင်း သဖြင့် လက်သည် တရားခံ များ မှာ အစိုးရ အုပ်ချုပ်ရေး ပိုင်း မှ ဖြစ်ကြောင်း အဓိပ္ပါယ် သက် ရောက် သွားတာ ကို တွေ့မြင် နိုင်ပါ တယ် ... ဝါကျ အမှန် ဟာ ( ဒေါ် အောင်ဆန်းစုကြည် က ဗုံးဖောက် ခွဲ သူများ ကို အစိုးရ အုပ်ချုပ် ရေး ပိုင်းမှ အမြန် ဆုံး ဖမ်းဆီး ရန် လိုကြောင်း တိုက်တွန်း ပြောကြား ) ဖြစ်သင့် ပါသည် ...

မြန်မာစာ ကို ငယ်စဉ် တည်း က ရင်းနှီး ခဲ့တဲ့ မြန်မာ ပြည်တွင်း က မြန်မာစာ ပဲ ရေးတတ် ဖတ် တဲ့ ကျွန်တော် တို့ အနေ နဲ့ တောင် အဲ့လို နားလည်မှု လွဲသွား နိုင်သေး ရင် နိုင်ငံခြား ဘာသာ ကို ပြန်ဆို ဖော်ပြ ရေးသား ကြမယ့် မြန်မာ စာ မတတ် တတတ် နိုင်ငံခြား သတင်း ထောက် တွေ အနေ နဲ့ ဘယ်လို ဘာသာပြန် ဖော်ပြ သွားနိုင် မလဲ တွေးဆ စရာ ဖြစ်လာ ပါတယ် ...

ကြံ့ခိုင်ရေး ပါတီ လူကြီး တစ်ဦး က တရုတ် ကို အလည် သွားစဉ် တရုတ် သတင်း ထောက် တွေရဲ့ အမေး ကို မြန်မာ လို ဖြေခဲ့ ရာမှာ မြန်မာ လို ကနေ တရုတ် လို ဘာသာ ပြန်လိုက် တဲ့ အခါ ( ဒေါ် အောင်ဆန်းစုကြည် ကို ပြည်သူတွေ က Crazy ဖြစ်ကြ တယ် ) ဆိုတဲ့ အစား (ဒေါ် အောင်ဆန်းစုကြည် ကို ထောက်ခံသူ တွေက အရူး တွေ ဖြစ်ကြ တယ် ) လို့ ဘာသာ ပြန်ဆို ခဲ့တဲ့ အတွက် မြန်မာ့ နိုင်ငံရေး လောက မှာ သောသောညံ ဂယက် ရိုက်သွားခဲ့ ဖူး တာ ကို အမှတ် ရကြမယ် ဆိုရင် မီဒီယာ တွေ ရဲ့ ဘာသာ စကား ကျွမ်းကျင်မှု ဟာ ဖတ်ရှု သူတွေ အတွက် ဘယ်လောက် သက်ရောက် အရေးပါ နေမယ် ဆိုတာ ကို သဘော ပေါက် နိုင်ကြ ပါ လိမ့် မယ် ...

ဒါ့ကြောင့် မီဒီယာ သမား တွေ အနေနဲ့ မြန်မာစာ အရေး အသား၊ ဝါကျ အထား အသိုတွေ ကို ဂရုစိုက် ကြ ဖို့ နဲ့လို အပ်ပါက သူငယ်တန်း က ပြန်တက် ကြဖို့ တိုက်တွန်း လိုက် ရ ပါတယ် ...

PoleStar Minn Minn Aung ၊ Golden Land Myanmar

No comments:

Post a Comment