Thursday, October 17, 2013

၁၇.၁၀.၂၀၁၃ နေ့ထွက် First Weekly ဂျာနယ်မှ

အမျိုးသားများနဲ့ လုံးဝဆွဲတင်လို့မရတဲ့ အရှည် ၇၅ ပေရှိ ထွင်းလှေကြီးကို ထူးထူးဆန်းဆန်း အမျိုးသမီးများနဲ့သာ
ဆွဲတင်အောင်မြင်ခဲ့တယ်ဆိုတဲ့ နေပြည်တော် လယ်ဝေးမြို့နယ်၊ ပလွေးချောင်းထဲက သမိုင်းဝင်ရှေးဟောင်းလှေကြီးဆယ်ယူ

ဒီလှေကြီးက အရမ်း ထူးဆန်းတယ်။ လှေရဲ့အတိုင်း အတာက နိုင်ငံတော်သစ်တောရေး ရာဝန်ကြီးဌာန၊ သစ်တောအရာရှိ များရဲ့တိုင်းထွာချက်အရ အတောင် ၅၀၊ ပေ ၇၅ ပေ၊ ရှေ့လုံးပတ် ၅၇ လက်မ၊ အလယ်လုံးပတ် ၉၄ လက်မ၊ အနောက်လုံးပတ် ၇၅ လက်မ၊ လှေဝမ်းအနက် ၂ ပေ၊ မျက်နှာပြင်အနံ ၁၆ လက်မရှိတဲ့ ပိုပြီးထူးဆန်းတာက ပလွေးချောင်း ထဲကနေ သောင်ပေါ်ကိုဆွဲတင်တဲ့ နေရာမှာ အမျိုးသားတွေရဲ့ အားနဲ့ လုံးဝဆွဲတင်လို့မရဘူး။ နောက်ဆုံး ကျွဲမ ၄ ကောင်၊ အမျိုးသမီး ၁၅၀ ကျော်နဲ့ ဒီလှေကြီးကိုဘုန်းတော် ကြီးကျောင်းအရောက် ဆွဲတင်မှ သာရရှိခဲ့တယ်။ ထူးခြားချက်က တော့ အမျိုးသားတွေဆွဲတင်လို့မရ တဲ့ နှစ်ပေါင်းများစွာ ချောင်းထဲမှာ နစ်နေတဲ့လှေကို အမျိုးသမီး “မ” သတ္တ၀ါတွေ ဆွဲတင်မှ အောင်မြင်ခဲ့ တာပါပဲလို့ ဦးဝင်းမြင့် ကျေးရွာ နယ်မြေမှူးရဲ့မှတ်တမ်းများက အခု လို သိရတာလည်းဖြစ်ပါတယ်။
ယခုအခါ အဆိုပါ သစ် လုံးထွင်းလှေကြီးကို စတင်တွေ့ရှိ တဲ့ နေပြည်တော် ဒက်္ခိဏသီရိခရိုင် လယ်ဝေးမြို့နယ်၊ ၀က်္ကမူကျေးရွာ နဲ့ သာယာစုကျေးရွာကြားရှိ ပလွေး ချောင်းကြီးထဲမှာ ရှေးနှစ်ပေါင်းများ စွာက မြန်မာစစ်သူရဲကောင်းများ အသုံးပြုခဲ့ဟန်ရှိတဲ့ ရှေးဟောင်း လှေကြီးတစ်စီးကို ဆယ်ယူနိုင်ခဲ့ ကြောင်း ရွာဦးဘုန်းတော်ကြီး ကျောင်းမှာ အဆိုပါ လှေကြီးအား ပြသထားကြောင်း၊ တစ်နေ့ လူဦး ရေတစ်ထောင်ခန့် လာရောက် ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိ ရှိရပါတယ်။
နေပြည်တော်၊ လယ် ဝေးမြို့နယ်၊ ပလွေးချောင်းတစ် လျှောက် ရှေးယခင်နှစ်ပေါင်းများ စွာက မြန်မာဘုရင်တပ်မတော်တွေ မှာ အသုံးပြုလေ့ရှိတဲ့ သစ်လုံးလှေ သုံးလေးစီးခန့်ကို တွေ့ရှိခဲ့ဖူးပါ တယ်။ယခုတွေ့ရှိတဲ့ လှေကတော့ ယခင်တွေ့ရှိတဲ့ လှေများထက်ပို ကြီးပါတယ်။ ပထမတွေ့ခဲ့တဲ့ လှေ ကိုတော့ နေပြည်တော်၊ ရေပန်း ဥယျာဉ်မှာ အများပြည်သူကြည့် ရှုလေ့လာနိုင်ရန် ထိန်းသိမ်းထား တာကိုတွေ့ရပါတယ်။ နောက်တစ် စီးကတော့ လယ်ဝေးမြို့နယ်၊ ရွှေ အုန်းပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ ထားပါတယ်။ အလျား ပေ ၆၆ ပေ ၂ လက်မ၊ လုံးပတ် ၁၀ ပေ ၆ လက်မရှိပါတယ်။ အခု တွေ့ရှိတဲ့လှေကတော့ပလွေးချောင်း ထဲမှာ ထပ်တွေ့တာပါ။ ဒီလှေကြီး ကို စတွေ့သူက သာယာစုကျေး ရွာသားကိုမြင့်နိုင်ဆိုသူဖြစ်ပါတယ်။ ၂၀-၉-၂၀၁၃ ရက်နေ့မှာ စတင် တွေ့ရှိခဲ့ပြီး ၂၇-၉-၂၀၁၃ ရက်နေ့ မှာ ဖော်ယူခဲ့ရာ ၂၈-၉-၂၀၁၃ ရက် နေ့မှာတော့ ကမ်းစပ်သောင်ပေါ်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ သာယာစု ကျေးရွာသားတစ်ဦးက ပြောပါ တယ်။
ထူးဆန်းတာက ဒီလှေ ကြီးကို ဖိုသတ္တ၀ါတွေနဲ့ ဆွဲတင်လို့ မရတာပါဘဲ။ နောက်ဆုံးဒီလှေကြီး ကို ချောင်းထဲကနေ တူးဖော်ပြီး သောင်ပြင်ပေါ်၊ ရွာဦးကျောင်း အရောက် ကျွဲမလေးကောင်၊ အမျိုး သမီး ၁၅၀ လောက်က ကြိုးနဲ့ဆွဲ တင်တော့မှ လှေကြီးကို ဆွဲတင် နိုင်ခဲ့တယ်။ နှစ်ပေါင်းများစွာ ချောင်းမြေအောက်မှာ နစ်နေတဲ့ ဒီ သမိုင်းဝင်လှေကြီးကို အမျိုးသမီး တွေအားနဲ့ ဆွဲတင်မှသာ ရတာကို က ထူးဆန်းတဲ့ သဘောဖြစ်သွား တာပေါ့။ ဒီတော့ ရွာနီးချုပ်စပ်က လူတွေရော၊ မြို့ပေါ်က လူတွေရော တစ်နေ့ကို တစ်ထောင်လောက် ဒီလောက်ကြီးကို လာရောက်ကြည့် ရှုလေ့လာနေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လှေရဲ့အမျိုးအစားက တော့ သစ်ကနက်လှေအမျိုးအစား ဖြစ်ပြီး ချောင်းထဲကနေ တူးဖော် တွေ့ရှိရတဲ့လှေများထဲမှာ ဒီလှေကြီး ဟာ အရှည်ဆုံး လှေတစ်စီးဖြစ် ကြောင်း၊ အဆိုပါလှေကြီးကိုတွေ့ ရှိတဲ့နေရာတစ်လျှောက် ဆင်စုကျေး ရွာမှ ကိုကျော်ခင်ဆိုသူဟာ တစ်ပေ အ၀ိုင်းရှိ ကြေးစည်းဟောင်းတစ်ခု ကို တွေ့ရှိခဲ့သဖြင့် သာယာစုကျေး ရွာ ဘုန်းတော်ကြီးထံကိုပေးအပ် လှူဒါန်းခဲ့ကြောင်း၊ ရှေးခေတ် မြန်မာရှင်ဘုရင်များလက်ထက်က စစ်ချီစစ်တက်ရာတွင် မောင်းထုပြီး မြစ်ရိုးတစ်လျှောက် ချီတက်လေ့ ရှိကြောင်းလည်း သိရပါတယ်။ ယခုအခါ အဆိုပါလှေ ကြီးကို ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် ထားရှိပြီး အဆိုပါ လှေကြီးအား လာရောက်ကြည့်ရှု လေ့လာကြသူ ခုနှစ်ရက်သားသမီး များအား ဆရာတော်မှ သတ်သတ် လွတ်ထမင်းဟင်းများ ဧည့်ခံကျွေး မွေးလျက်ရှိကြောင်း၊ အဆိုပါလှေ ကြီးအား ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်အတွက် သာယာစုကျေးရွာ ဘုန်းတော်ကြီး ဦးသီလသာရနဲ့ ဦးစန္ဒ၀ံသ၊ ရွှေကုဏ္ဍားကျောင်း ဆရာတော်တို့မှပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။

No comments:

Post a Comment