Wednesday, October 16, 2013

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကတာဝန်ရှိသူများအား သတင်းပို့ပြီး ဆောင်ရွက်ရန်နည်းလမ်းများအား အသိပေးနှိုးဆော်ခြင်း ရန်ကုန်၊ အောက်တိုဘာ ၁၅

(၁) ဗုံး(သို့)မသင်္ကာဖွယ်ပစ္စည်းတစ်ခုခုကို တွေ့ရှိပါက ကိုင်တွယ်ခြင်း၊
ရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာတာဝန်ရှိသည့်ဌာနသို့
အမြန်ဆုံးသတင်းပို့အကြောင်းကြားရန်

(၂) သက်ဆိုင်ရာတာဝန်ရှိသည့် ၀န်ထမ်းများမှ ဗုံး(သို့)မသင်္ကာဖွယ်ရာ
တစ်ခုခုတွေ့ရှိသည့် နေရာပတ်ဝန်းကျင်မှ လူများအား သတိပေး
ဖယ်ရှားရန်နှင့် အမှတ်အသား အလံစိုက်ထူထားရှိရန်

(၃) ဗုံးနှင့်ဗုံးဟု မသင်္ကာဖွယ်ရာပစ္စည်းများတွေ့ရှိပါကအနီးပတ်ဝန်းကျင်ရှိ
လူများအားရှင်းလင်း၍မိုင်းစွန့်ကျင်းသို့သွားရောက်ထည့်ခြင်း၊သဲအိတ်၊
ကားတာယာ၊အ၀တ်အထည်အိတ်စသည့်အနီးအနားရှိပစ္စည်းများဖြင့်
ကာရံထားရှိရန်

(၄) မသင်္ကာဖွယ်ရာတွေ့ရှိသည့်ပတ်ဝန်းကျင်သို့တာဝန်မရှိသူများ
ဝင်ရောက်မှုမရှိစေရေးအတွက်တာဝန်ရှိသူများနှင့်ပူးပေါင်း၍
လုံခြုံရေးဆောင်ရွက်ရမည်။ယာဉ်ပိတ်ဆို့မှုမရှိစေရေးအတွက်
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ လွှဲပြောင်းမောင်းနှင်စေရန်
စီစဉ်ဆောင်ရွက်ပေးရမည်။

(၅) အနီးပတ်ဝန်းကျင်ရှိ အရေးကြီးပစ္စည်းများနှင့်မီးလောင်စေတတ်သော
ပစ္စည်းများအား အဝေးသို့ရွှေ့ရန်။

(၆) ဗုံး(သို့)ပေါက်ကွဲစေတတ်သောပစ္စည်းသေချာပါက စစ်မြေပြင်
အင်ဂျင်နီယာတပ်မှ မိုင်းရှင်း စစ်သည်များနှင့် တာဝန်ရှိများထံ
တင်ပြပြီး တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် သက်မဲ့ဖြစ်အောင်
ဆောင်ရွက်ရန်၊

ဗုံး(သို့)ဗုံးဟုယူဆရသောပစ္စည်းများတွေ့ရှိပါကမိဘပြည်သူများထိခိုက်မှု
မဖြစ်စေရေးအတွက်အထက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment