အစာအိမ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း စန္ဒီရဲ့ မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်က The Voice ကိုပြောပါတယ်။
“သမီးလေး ကအစာအိမ်ရောဂါ ဖြစ်နေတာ တော်တော်လေးကြာပါပြီ။ ဒီရက်ပိုင်း မှာတော့ အစာအိမ်ရောဂါအပြင် အသည်းရောင်၊ အသားဝါ ရောဂါပါထပ်ဖြစ်ပြီး ရောဂါက ပိုဆိုးလာပြီး ဆုံးသွား တာပါ။ သမီးက သူ့ရဲ့ ဒုတိယစီးရီးထွက်ဖို့ လုပ်နေတာပါ။ သီချင်းရှစ်ပုဒ်တောင် သွင်းထားပြီးပါပြီ” လို့ စန္ဒီရဲ့ မိခင်ဖြစ်သူက ထပ်လောင်းပြောကြားပါတယ်။
တေးသံရှင် စန္ဒီ(ခ) မအေးမြတ်စန္ဒီသော်ဟာ အသက် ၃၀ အရွယ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး အောက်တိုဘာလ ၁၈ ရက်နေ့၊ ညနေ ၃နာရီ အချိန်မှာ ရေဝေးသုဿန်သို့ ပို့ဆောင် မီးသဂြိုလ်မှာ ဖြစ်ကြောင်း ဒေါ်မြတ်မြတ်က ဆိုပါတယ်။
The Voice Weekly
No comments:
Post a Comment