Tuesday, October 1, 2013

မုန့် - တိုက်ပွဲ တနိုင်ငံလုံးစစ်မျက်နှာအစုံမှတပြိုင်နက်ထဲလှုပ် ရှားဆင်နွဲကြ။


ကျွန်တော်တို့သည်နိုင်ငံရေးပါတီမဟုတ်၊
ကျွန်တော်တို့သည်အသင်းအဖွဲ့မဟုတ်၊
ကျွန်တော်တို့သည်ကျွန်တော်တို့၏ကလေးများ
ကိုအဆိပ်မုန့်တို့၏ရန်မှကယ်ဆယ်နိုင်ရေးအတွက်
စုပေါင်းလှုပ်ရှားသည့်လှုပ်ရှားမှုတခုသာဖြစ်သည်။
ကျွန်တော်တို့၏လှုပ်ရှားမှုတွင်ပါဝင်လိုသူတိုင်း
သည်ကျွန်တော်တို့ထံကိုယ်တိုင်ကိုယ်ကျလာရောက်
ပူးပေါင်းရန်မလို။အသင်းဝင်ရန်မလို။အိမိတို့နေထိုင်
ရာအိမ်၊ရပ်ကွက်၊ကျေးရွာ၊မြို့နယ်၊များတွင်နေထိုင်
ရင်းပူးပေါင်းပါဝင်လှုပ်ရီားနိုင်ကြပါသည်။
ကျွန်တော်တို့ဦးတည်တိုက်ခိုက်ရမည့်ရန်သူသည်
ကျွန်တော်တို့၏ကလေးငယ်များအားတမြေ့မြေ့
နှင့်လူမျိုးတုန်းသတ်ဖြတ်ရန်ကြိုးပန်းနေသည့်ဓာ
တုဆိုးဆေးပါနိုင်ငံခြားဖြစ်နှင့်ပြည်တွင်းဖြစ်မုန့်
များဖြစ်သည်။ကျွန်တော်တို့ဆင်နွဲရမည့်စစ်ပွဲမှာ
တရက်၊တလ၊တနှစ်နှင့်မပြီး။ရေရှည်ဆင်နွဲရမည်
ဖြစ်သည်။
ဤစစ်ပွဲတွင်ကျွန်တော်တို့ကိုင်စွဲရမည့်လက်နက်
မှာညီညွတ်ခြင်းနှင့်ဇွဲလုံလတို့ဖြစ်သည်။
မိမိအိမ်တွင်မိမိ၏ကလေးများအားဆိုးဆေးနှင့်ဓာ
တုပစ္စည်းများပါသောနိုင်ခြားဖြစ်နှင့်ပြည်တွင်းဖြစ်
မုန့်များမစားသောက်မိစေရေးသွန်သင်ဆုံးမနေသော
မိဘတိုင်းသည်ကျွန်တော်တို့၏စစ်သည်တော်များ
ဖြစ်သည်။အလှူဒါနတခုလုပ်တိုင်းလုပ်တိုင်းမြန်မာ
မုန့်များဖြင့်သာလှူဒါန်းပေးခြင်းသည်ကျွန်တော်
တို့၏လှုပ်ရှားမှုတွင်ပါဝင်ခြင်းဖြစ်သည်။
မိမိ၏အိမ်တွင်သော်၎င်း၊လ္ဘက်ရည်ဆိုင်၊ဈေးဆိုင်
များတွင်သော်၎င်း၊ရပ်ကွက်ထဲတွင်သော်၎င်းဤ
လှုပ်ရှားမှုသတင်းကိုပြောဆိုဖြန့်ဝေခြင်းသည်လည်း
ကျွန်တော်တို့နှင့်ပူးပေါင်းပါဝင်လှုပ်ရှားခြင်းဖြစ်သည်။
မိမိတို့လက်လှမ်းမှီသမျှမုန့်များနှင့်ပါတ်သက်သည့်
ကျန်းမာရေးဗဟုသုတများမျှဝေပေးခြင်းသည်လည်း
ကျွန်တော်တို့၏လှုပ်ရှားမှုကိုတဖက်တလမ်းမှကူညီ
အားဖြည့်ပေးခြင်းဖြစ်ပါသည်။ဤလှုပ်ရှားမှုသတင်း
များကိုLikeလုပ်၍အားပေးထောက်ခံခြင်းး၊
Shareလုပ်ပေး၍ကူညီခြင်း၊comment
ရေး၍အားပေးခြင်းသည်လည်းကျွန်တော်
တို့၏လှုပ်ရှားမှုတွင်ပါဝင်ခြင်းဖြစ်ပါသည်။
ဤလှုပ်ရှားမှုသည်တောင်တွင်းကြီးတမြို့ထဲ
လှုပ်ရှားနေရုံနှင့်မအောင်မြင်နိုင်ပါ။တနိုင်ငံလုံး
ရှိမိဘတိုင်း၊ပရဟိတလုပ်ငန်းများလုပ်နေသူတိုင်း
ဤအရေးကိုစိတ်မအေးသူတိုင်း၊မျိုးချစ်စိတ်ရှိသူ
တိုင်းအားလုံးအတူတကွညီညိညာညာပူးပေါင်း
ဆောင်ရွက်ကြမှသာလျှင်အောင်မြင်နိုင်ပါမည
်။
ကလေးများအားလုံး၊ကင်ဆာဖုံးလို့၊လူမျိုးမပြုန်း၊
မျိုးမတုန်းအောင်၊မုန့်တိုက်ပွဲကိုဆင်နွဲစို့။
(မုန့်တိုက်ပွဲတွင်ဆောင်ရွက်သွားမည့်လှုပ်ရှားမှု
အဆင့်ဆင့်ကိုထပ်မံ၍တင်ပြသွားပါမည်)
ဒေါက်တာကျော်ဆွေ

No comments:

Post a Comment