Monday, October 14, 2013

Viber လို မိုဘိုင်းဖုန်း က တဆင့် နည်း ပညာ အသုံး ပြု တဲ့ ဖုန်းခေါ်ဆို မှု များ ကို ဖုန်းလိုင်း ဖြတ်တောက် သွားမယ် ဆိုတဲ့ ဂျာနယ် သတင်း ကို Facebook ပေါ်မှာ တွေ့

အခု ပုံပါ Viber လို မိုဘိုင်းဖုန်း က တဆင့် နည်း ပညာ အသုံး ပြု တဲ့ ဖုန်းခေါ်ဆို မှု များ ကို ဖုန်းလိုင်း ဖြတ်တောက် သွားမယ် ဆိုတဲ့ ဂျာနယ် သတင်း ကို Facebook ပေါ်မှာ တွေ့ ပါတယ်။ အချို့ မိတ်ဆွေ များ ကလည်း message ပို့ပြီး မေးလာ ပါတယ်။

ဒီ သတင်း နဲ့ပတ်သက် ပြီး ဆက်သွယ်ရေး နဲ့ သတင်း အချက် အလက် နည်းပညာ ၀န်ကြီး ဌာန၊ ဒုတိယ ၀န်ကြီး ဦးသောင်းတင် ကို ဆက်သွယ် မေးမြန်း ခဲ့ပါ တယ်။ ဦးသောင်းတင် က ၀န်ကြီး ဌာန အနေနဲ့ အဲဒီလို ညွှန်ကြား ထားတာ လုံးဝ မရှိကြောင်း ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

တကယ် တော့ ဒီ သတင်းမှာ ရေး ထား တဲ့ Source က အင်ဂျင်နီယာ ချုပ် တစ်ဦး လို့ပဲ ဖော်ပြ ထားပါ တယ်။အမည် ဖော်ပြ မထား ပါဘူး။ ဒီပုဂ္ဂိုလ် ရဲ့ ပြောကြား ချက် အပေါ် သက်ဆိုင် ရာ ၀န်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း အတည် ပြု ခြင်း၊ ဒါမှ မဟုတ် အတည်ပြု ရန် လုပ်ဆောင် ခဲ့မှုများ ကို ဖော်ပြ ထားခြင်း မရှိ ပါဘူး။

တကယ် တော့ အမည် မဖော်ပြ တဲ့ သတင်း အရင်း အမြစ် ကို သုံးမယ် ဆိုရင် လိုက်နာ ဆန်းစစ် ရမယ့် နိုင်ငံ တကာ စံနှုန်း များ ရှိပါတယ်။ အဲဒီ အတိုင်း လုပ်မလုပ် ဆိုတာ ကတော့ သက်ဆိုင်ရာ အယ်ဒီတာ များ ပဲ အသိဆုံး ဖြစ်မှာပါ။

သတင်း မထုတ်ပြန် ခင် သတင်း ခိုင်မာမှု ကို ပြန်လည် စိစစ်ဖို့လိုတယ် ဆိုတဲ့ အခြေခံ အကျဆုံး လုပ်ငန်း စည်းမျဉ်း ဒါမှ မဟုတ် ကျင့်ဝတ် ကို အလေး မထား တဲ့ အတွက် ၀န်ကြီး ဌာန တွေ က လည်း လိုက်ရှင်း ရ၊ ပြည်သူ တွေ ကြားမှာ လည်း စိုးရိမ် ပူပန်မှု တွေ ဖြစ်ရ ပါတယ်။ ဒါ့အပြင် အစိုးရ နဲ့ ပြည်သူ ကြား နားလည်မှု လွဲအောင် ဖန်တီး သလို လည်း ဖြစ်သွား နိုင်တဲ့ အတွက် ရေးသူ များ ကလည်း တတ်နိုင် သမျှ စိစစ် အတည် ပြုပြီး မှ ရေးကြဖို့၊ ဖတ်သူ များ ကလည်း ဝေဖန် ဆန်းစစ် ပြီးမှ ယုံကြည် ကြဖို့ တိုက်တွန်း လို ပါတယ်။

Ye Htut

No comments:

Post a Comment