Wednesday, November 6, 2013

Analog မီတာ အချို့တွင် နည်းလမ်း ၇ မျိုးဖြင့် မသမာမှုများ ပြုလုပ်မှုများ ရှိနေ 4.11.2013


Digital OMR မီတာများ လဲလှယ် တပ်ဆင်ပေးဖို့ အတွက် Analog မီတာများ ဖြုတ်သိမ်းရာမှာ အချို့မီတာ များမှာ မသမာမှု နည်းလမ်း များနဲ့ ပြုလုပ်
ထားခြင်း တွေကို တွေ့ရှိရပြီး အဲ့ဒီလို ပြုလုပ်ရာမှာ နည်းလမ်း ၇ မျိုးနဲ့ ပြုလုပ် ထားခြင်းတွေ ရှိနေတယ်လို့ Analog မီတာများ လဲလှယ် ပေးနေတဲ့ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ Analog မီတာတွေကို ဖြုတ်သိမ်းရာမှာ သန်လျင်၊ ကျောက်တန်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သုံးခွ၊ မြောက်ဒဂုံ တို့မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။

သင်္ဃန်းကျွန်း မြို့နယ်မှာ မီတာ အလုံးရေ ငါးထောင် ဖြုတ်သိမ်းရာမှာ အလုံးရေ နှစ်ထောင်မှာ မသမာမှုတွေ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ မသမာမှုတွေ ပြုလုပ်ရာ မှာတော့ နည်းလမ်း ၇ မျိုးဖြစ်တဲ့ (၁) သံလိုက်ကပ်နည်း၊ (၂) By pass ပြုလုပ်နည်း၊ (၃)ခဲတို့ပြီး Shock ဖြစ်အောင် လုပ်နည်း၊ (၄) မီတာအတွင်းပိုင်း မှာရှိတဲ့ ကြိုးများကို ပြန်ဆက်တဲ့နည်း၊ (၅) Current Coil ကြိုး အကြီးတွေ ပတ်ထားတဲ့ အတွက် မီးအား အများကြီး သုံးနိုင်ပြီး မီတာ အသုံးပြု သလောက် မီတာခ မတက်အောင် ပြုလုပ်တဲ့နည်း၊ (၆) သကြား၊ အချိုရည် အစရှိတဲ့ အချိုပါတဲ့ စားစရာများကို မီတာ Box အတွင်းထဲသို့ ထိုးထည့်တဲ့ နည်းလမ်း၊ (၇) Pin နံရံ ၂ ခုကို မချိတ်ထားတဲ့နည်းနဲ့ မီတာခ မတက်အောင် ပြုလုပ်တဲ့ နည်းတို့ ဖြစ်ပါတယ်။

ဒါ့အပြင် Potential ကြိုးတွေကို ပြောင်းပြန် တက်ထားခြင်း ရှိနေတဲ့ အတွက် မီးအား အသုံးပြုပါက မီတာခ မတက်တဲ့ အပြင် ပြန်လည် လျော့ကျမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အခုလို မသမာမှုတွေ ပြုလုပ်တဲ့ အတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေနဲ့ ဓာတ်အား လေလွင့် ပျောက်ဆုံးမှုတွေ ဖြစ်နေပြီး မသမာမှု ပြုလုပ်မှုမှာ ၄၅ ရာခိုင်နှုန်း အထိ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်အား ဆုံးရှုံးမှုတွေ မဖြစ်စေဖို့၊ Digital မီတာတွေကို ပြောင်းလဲ တပ်ဆင်ပေးနေပြီး Digital မီတာမှာ GPS ပါဝင်ပြီး နေရာရွှေ့လို့ မရတဲ့ အတွက် မသမာမှုတွေ ပြုလုပ်လို့ မရနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ Digital မီတာများကို မီတာ သုံးစွဲမှု ယူနစ်များကို ဖတ်ရာမှာ ကီလိုမီတာ အတွင်းရှိ Digital မီတာတွေကို ဖက်နိုင်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment