Tuesday, November 19, 2013

Mr.Bean မင်းသားကွယ်လွန်ပြီဟူသော သတင်းတွစ်တာမှတစ်ဆင့်ပျံ့နှံ့ခဲ့


"Mr. Bean" ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားလာခဲ့သော ဟာသမင်းသားရော်ဝန်အက်ကစ်ဆင် သေဆုံးသွားပြီဟူသော ကောလာဟလသတင်းမှာ "internet troll" ဟုခေါ်သည့် တွစ်တာ၏ “ဟာသ” ဖော်ပြချက်တစ်ခုမှတစ်ဆင့် နာရီပိုင်းအတွင်းကမ္ဘာတစ်လွှားသို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသတင်းအား ဖိလစ် ပိုင်နိုင်ငံတွင်အခြေစိုက်သည့် တွစ်တာသုံးစွဲသူတစ်ဦးက စတင်ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

၎င်း၏တွစ်တာနောက်လိုက် ၇၅၃ ဦးကလည်း “ဗြိတိန်နိုင်ငံမှ သတင်းသစ်” ရော်ဝန်စဘက်စတိန်အက် ကင်ဆင် (A.K.A. Mr. Bean)ဟာ ဒီနေ့ညနေမှာ ကွယ်လွန်သွားပါတယ်”ဟု ရေးသားဖော်ပြခဲ့ကြပြီး ထောင်ပေါင်းများစွာသော တွစ်တာသုံးစွဲသူများကလည်း ၀မ်းနည်းကြောင်းဖော်ပြခဲ့ကြသည်။

၎င်းသတင်းမှာ နာရီအနည်းငယ်အတွင်းပျံ့နှံ့ခဲ့ကာ အင်တာနက်ပေါ်၌ ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရပြီး နှစ် နာရီအကြာတွင် စတင်ရေးသားခဲ့သူ မိုက်ကယ်ရောဘတ်မဲရက်စ်ကပင် “ဘုရားရေ ... ရော်ဝန်အက်ကင် စင်ရဲ့သတင်းကို ကျွန်တော်စတင်ဖော်ပြခဲ့မိတယ်။ အဲဒီသတင်းက ဟာသသက်သက်ပါ”ဟု ပြန်လည် ဖော်ပြခဲ့သည်။

နောက်တစ်နာရီအကြာတွင်လည်း ၎င်းက “အခုချက်ချင်း ရပ်လိုက်ပါတော့။ အားလုံးကို တောင်းပန်ပါ တယ်။ ရော်ဝန်အက်ကင်ဆင်ရဲ့နာရေးသတင်းက ဟာသတစ်ခုမျှသာဖြစ်ပါတယ်။ ဒီကိစ္စအတွက် ၀မ်း နည်းပါတယ်။ ဒီလိုသတင်းမျိုးဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့အတွက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ဘယ်တုန်း ကမျှမထင်ခဲ့မိပါဘူး”ဟုလည်း ရေးသားဖော်ပြခဲ့သည်။ ယင်းကောလာဟလသတင်းမှာ အင်တာနက်ပေါ် ရှိစွယ်စုံကျမ်းတစ်ခုဖြစ်သော ၀ီကီးပီဒီယာပေါ်တွင်ပင် သေဆုံးသည့်နေ့ကိုရေးသားသွားသည်အထိအရူး လုပ်နိုင်ခဲ့သည်။

Credit to > Mizzima - News in Burmese
https://www.facebook.com/nwesamazing

No comments:

Post a Comment