ရဲအရာရှိတစ်ဦးမှ ဇနီးဖြစ်သူကို အမှုဖွင့်တိုင်တန်း
စစ်ကိုင်းတိုင်းဒေသကြီး၊
မုံရွာခရိုင်၊ မုံရွာမြို့မရဲစခန်းတွင် ယခုလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီ
၂၀ မိနစ် အချိန်ခန့်က ခရိုင်ရဲအရာရှိတစ်ဦးမှ ၎င်း၏ဇနီးဖြစ်သူအား တရားဥပေးအရ
အမှုဖွင့်အရေးယူပေးရန် လာရောက်တိုင်းတန်းခဲ့သည့်အတွက် ရဲစခန်းက
အမှုဖွင့်အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။
ဇနီးဖြစ်သူအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ရဲစခန်းသို့ လာရောက်တိုင်တန်းသည့် ရဲအရာရှိတစ်ဦးသည် မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။
ထိုသူသည် ယခုလ ၁၀ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အချိန်ခန့်က
အထက်အရာရှိဖြစ်သူ ထိုရုံးရှိ ရဲအုပ် ထွန်းရီ ဆိုသူ၏
တာဝန်ပေးခိုင်းစေချက်များအရ စစ်ကိုင်းတိုင်း
ရဲတပ်ဖွဲ့မှူးရုံးသို့သွားရောက်ခဲ့ပြီး
ထိုရုံးမှ မုံရွာခရိုင် ရဲတပ်ဖွဲ့ရုံးဝင်းအတွင်းရှိ နေအိမ်သို့
ပြန်လာခဲ့ရာ နေအိမ်တွင် ၎င်း၏ ဇနီးဖြစ်သူအား မမြင်မတွေ့ရသည့်အတွက် ထိုသူ၏
ယောက္ခမဖြစ်သူ ဇနီးသည် ၏ မိခင်ဖြစ်သူထံ ထိုသူမှ ဇနီးသည် ဘယ်သွားနေသလဲဟု
မေးမြန်းခဲ့သည်ဟု သိရသည်။
ထို့နောက် ယောက္ခမဖြစ်သူမှ ၎င်း ရဲအရာရှိတာဝန်အရ
သွားရောက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ထိုသူ၏
ဇနီးသည်မှ ၎င်းနှင့် တူတော်စပ်သူ အသက်(၂၀)နှစ်အရွယ် လူငယ်လေးတစ်ဦးနှင့်အတူ
သွားရောက်၍ လိုက်ကြည့်နေ ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အတွက်ကြောင့်လည် နေအိမ်သို့ ဇနီးသည်ပြန်လည်ရောက်ရှိလာသည့်အခါ ၎င်း ရဲအရာရှိမှ တာဝန်အရ သွားရောက်ခဲ့ရ သည့်နေရာသို့ ဇနီးဖြစ်သူမှ နောက်မှ ချောင်းမြောင်းလိုက်ကြည့်ခြင်းသည်
ထိုသူ၏ အရှက်နှင့် ဂုဏ်သိက္ခာအား ထိခိုက်နစ် နာစေသည်ဟု ဆိုကာ ၎င်း ရဲအရာရှိမှ
ဇနီးဖြစ်သူနှင့် တူတော်စပ်သူ အသက်(၂၀)နှစ်အရွယ် လူငယ်လေးအား မင့်က
ဘာကြောင့် လိုက်ပို့ပေးရသလဲဟု ပြောဆိုခဲ့ရာမှ ထိုလူငယ်လေးသည် ညစ်ညမ်းစွာ
ဆဲရေးတိုင်းထွာ၍ တုန့်ပြန်ပြောဆိုခဲ့ ပြီး ၎င်း လူငယ်လေးမှ အဆိုပါ ရဲအရာရှိအား
လက်သီးဖြင့် ထိုးနှက်ခဲ့ရာ ရဲအရာရှိ၏ ရင်ဘတ်နှင့်မေးရိုးအား
ထိုးနှက်ချက်ထိမိခဲ့ သည့်အတွက် ၎င်းရဲအရာရှိမှာ နောက်လှန်လဲကျခဲ့ပြီး
ဝတ်ဆင်ထားသော ပုဆိုးကျွတ်ကျခဲ့ကြောင်း မျက်မြင်တွေ့ရှိလိုက်ရသူ အဆိုပါ
ရုံးဝင်းအတွင်းနေ ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ အတည်ပြုပြောကြားသည်။
ထို့နောက်
နောက်လှန်လဲကျသွားသော ရဲအရာရှိသည် ပြန်ထ၍ ပုဆိုဝတ်ဆင်ရန်
ပြုလုပ်နေချိန်တွင် ထိုသူ၏ ဇနီးဖြစ်သူမှ လက်၌ အသင့်ကိုင်ဆောင်ထားသော အလျား
အရှည်နှစ်တောင်ခန့်အရွယ်ရှိ သစ်သားဒုတ်ချောင်းဖြင့် ခင်ပွန်းဖြစ်သူ ရဲအရာ
ရှိ၏ ဦးခေါင်းအား ရိုက်နှက်ခဲ့ရာ ထိုသူ၏ ၀ဲ -ယာ ဦးခေါင်း
ဂျိုစောင်းနေရာများတွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ
ရဲတပ်ဖွဲ့ဝင်မှ ဆက်လက်၍ ပြောပြသည်။
ထို့အတွက်ကြောင့် ဦးခေါင်းပေါက်ပြဲဒဏ်ရာများရရှိသည့်
ရဲအရာရှိမှ ၎င်းအား ညစ်ညမ်းစွာ ဆဲရေးတိုင်ထွာပြောဆိုပြီး လက်သီးဖြင့်ထိုး၊
ဒုတ်ဖြင့်ရိုက်နှက်ခဲ့သူ ဇနီးဖြစ်သူနှင့် ၎င်း၏ တူတော်စပ်သူအား တရားဥပဒေအရ
အရေးယူဆောင်ရွက်ပေး ရန် မုံရွာမြို့မရဲစခန်းသို့
လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲအရာရှိ၏ တိုင်တန်းချက်အား မုံရွာမြို့မရဲစခန်းက(ပ) ၅၇၄/ ၂၀၁၃
ပြစ်မှုပုဒ်မ ၂၉၄/ ၃၂၅ အရ အမှုရေးဖွင့် လက်ခံခဲ့ခြင်းဖြစ်သည်။ ထိုအမှုအား
အဆိုပါ ရဲစခန်းရှိ ဒုရဲအုပ် ဇော်ကိုဦးဆိုသူမှ ဆက်လက်၍
စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး
နိုဝင်ဘာ ၁၃
No comments:
Post a Comment