Tuesday, November 26, 2013

NLD မှ ဒေါက်တာမြတ်ဥာဏစိုး အခြေခံဥပဒေချိုးဖောက် ဟု ဆို Red Star News

ဒီရက်ပိုင်း အတွင်းမှာပဲ ပြည်ထောင်စုလွှတ်တော်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် အတော်များများကို ပြည်ထောင်စုလွှတ်တော်ကို ယူလိုက်ပြီ ဆိုပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောကြားလိုက်တဲ့ သတင်းကို ဖတ်ရှုလိုက်ရပါတယ်။ ပြောဟန်ဆိုဟန်နဲ့ ပြောကြားသွားတဲ့ စကားလုံးတွေအရ ဘာကို ဆိုလို သလဲ ဆိုတာ ခန့်မှန်းရတော့ စိုးရိမ်ပူပန်မိပါတယ်။ လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိတယ် ဆိုတဲ့ စကားလို လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်ရဲ့ အာဏာကို ချဲ့ထွင်ကြပါ။ လက်ရှိသွားနေတဲ့ ဒီမိုကရေစီကို ပျက်ပြားစေမယ့်၊ အခြေခံဥပဒေကို ကျော်လွန်ရာ ရောက်စေမယ့် လုပ်ပိုင်ခွင့်တွေ ကိုတော့ မယူကြပါနဲ့ ဆိုတာကိုတော့ ထောက်ပြလိုပါတယ်။

ဥပဒေပြုရေးဟာ အုပ်ချုပ်ရေးအလုပ် လုပ်စရာ မလို ပါဘူး။ မြင်သလောက်ပြောရရင် ဥပဒေပြုရေးကိစ္စတွေက ခက်ခဲနက်နဲလှပြီး အပင်ပန်းခံရတာဖြစ်တဲ့ အတွက် အုပ်ချုပ်ရေးကို စောင့်ကြည့်တဲ့အလုပ်က ပိုပြီး လွယ်ကူသက်သာ တယ်လို့ ယူဆနိုင်ပါတယ်။ ဒီတော့ အုပ်ချုပ်ရေးနယ်ပယ်တွေကို ၀င်ရောက် စွက်ဖက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတ လုပ်ပိုင် ခွင့်ထဲက ဘာတွေ ဘယ်လို ယူလိုက်သလဲ ဆိုတာ အတိအကျ မသိပေမယ့် အခြေခံဥပဒေက သမ္မတကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို ယူမယ်ဆိုရင်တော့ ဒါဟာ အခြေခံဥပဒေကို ကျော်လွန်တာပဲ ဖြစ်ပါ တယ်။ အုပ်ချုပ်ရေးကရော အသာတကြည် လက်ခံ နိုင်မယ့် အလားအလာ မရှိပါဘူး။

မကြာသေးခင်ကပဲ သူရဦးရွှေမန်းက အရင်တုန်းက န၀တ၊ နယက ပုံစံမျိုး မူဝါဒ ချမှတ်ပေးပြီး အခုသမ္မတက အရင်တုန်းက ၀န်ကြီးချုပ်ပုံစံမျိုး အကောင်အထည်ဖော်ရမယ် ဆိုပြီး ပြောကြားခဲ့တဲ့ သတင်းကိုလည်း ကြားသိရတဲ့အခါ အံ့သြခြင်းကြီးစွာ ဖြစ်ရပါတယ်။ စနစ်ကို နားမလည်လို့များ ဒီလိုပြောရတာလား ဆိုတာကိုလည်း တွေးမိ ပါတယ်။ အဲဒီစနစ်က အာဏာသိမ်းအစိုးရအနေနဲ့ ရုပ်ပြအစိုးရကို ထားခဲ့တာ ဖြစ်ပါတယ်။ အခုသွားနေတဲ့ လမ်းကြောင်းက သမ္မတအုပ်ချုပ်ရေးစနစ် ပဲ ဖြစ်ပါတယ်။

(ဘုန်းအောင်)

ပုဒ်မ(၁၈)နဲ့ ပုံပျက်ပန်းပျက်ဒီမိုကရေစီ

No comments:

Post a Comment