Wednesday, November 6, 2013

လျှပ်စစ်နှင့် ဂက်စ် ဈေးကစားခဲ့သော သူဌေးများ ထောင် ၇ နှစ်ကျဖွယ်ရှိ


ဗြိတိန် စွမ်းအင် ဝန်ကြီး အက်ဒ်ဒေဗီ သည် စွမ်းအင်ဈေး ကွက် ပြန်လည် ပြင်ဆင် သုံးသပ် ရန် အစီအစဉ် ကို ထုတ်ဖော် ပြော ဆိုခဲ့ပြီး စွမ်းအင် ဈေးကွက်အ တွင်း ဈေးကစားခြင်း ပြုလုပ်ခဲ့ ကြသော စွမ်းအင် ကုမ္ပဏီများ ကို အရေးယူ ဆောင်ရွက် သွားမည် ဟု သိရသည်။

စွမ်းအင် ဝန်ကြီး ဒေဗီ က အောက်တိုဘာ ၃၁ ရက် တွင် စွမ်း အင်ဈေးကွက်၊ မသမာနည်း ဖြင့် ဈေးကစားရန် ကြိုးစားမှုများ ကို ဒုစ ရိုက်မှု အဖြစ် အရေးယူ ဆောင် ရွက်သွားမည် ဟု ပြောကြားခဲ့ပြီး စွမ်းအင် ကုမ္ပဏီ ပိုင်ရှင်များ မှာ ထောင်ဒဏ် ချမှတ် ခံရဖွယ် ရှိနေ သည်။ ၎င်းတို့၏ ငွေကြေး ဈေး ကွက် ကစားခြင်း ကြောင့် အနည်း ဆုံး ထောင်ဒဏ် ခုနစ်နှစ် ကျခံရ ဖွယ် ရှိနေပြီး ပြစ်မှု စီရင်ချက် ကို လာ မည့်နှစ် တွင် အသေးစိတ် ဖော်ပြ သွားမည်ဟု သိရသည်။

အစိုးရ အရာရှိများ က စွမ်းအင် ကုမ္ပဏီ အချို့ကို မမှန် ကန် သော ဈေးနှုန်းများ ဖော်ပြမှု၊ ဈေးကွက် တန်ဖိုးနှင့် စွမ်းအင် အ ရင်းအမြစ် ကို မမှန်မကန် သတင်း ဖော်ပြမှု နှင့် မတန်တဆ ဈေးကွက် ဖန်တီးမှု တို့ဖြင့် တရား စွဲဆိုသွား မည် ဟု ဆိုသည်။

Yangon Media Group

No comments:

Post a Comment