Wednesday, November 6, 2013

မီတာခ တိုးမြှင့်ကောက်ခံသည့်နည်းတူ ယခုနှစ်နွေ လျှပ်စစ်မီး အပြည့်အဝနီးပါး ပေးနိုင်မည်ဟု ဝန်ကြီးဌာနဆို

မီတာခနှုန်းထား တိုးမြှင့်ကောက် ခံလိုက်သည့်အတွက် ယခုနှစ်နွေတွင် လျှပ်စစ်အပြည့် အဝနီးပါးပေးနိုင်မည် ဟု လျှပ်စစ်စွမ်အားဝန်ကြီးဌာနမှ သိ ရသည်။

ယခင်က ဝန်ကြီးဌာနအနေဖြင့် နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ် ချက်အတွက် ဂက်စ်၊ ကျောက်မီးသွေး တို့မှ ဓာတ်အားထုတ်ယူ၍ ပေး ခဲ့ပြီး ငွေကြေးရှုံးနိမ့်မှု များ ရှိခြင်းကြောင့် လို အပ်သည့်ဓာတ်အား ကို ဖြည့်ဆည်းနိုင် ခြင်း မရှိခဲ့ပေ။

”လာမယ့် နွေရာသီမှာလည်း စွမ်းအင်ဝန်ကြီးဌာနက ဂက်စ်ဝယ်ပြီး ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်း မှာပါ။ ဒီအတွက် မီတာသုံးစွဲခတွေ တိုးမြှင့်ကောက်ခံတာပါ။ မီတာခနှုန်း ထား တိုးမြှင့်တဲ့ရည်ရွယ်ချက်က ပြည် သူတွေကို မီးအပြည့်အဝပေးချင်တဲ့ အတွက်ကြောင့်ပါ”ဟု လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးမြင့်အောင်က ပြောသည်။

မီးပေးနိုင်မှုတွင် စက်မှုဇုန်များ မှာ လူနေအိမ်များကဲ့သို့ မီး အပြည့်ပေး နိုင်မည့်အနေအထားရှိကြောင်း၊ ယင်း ကြောင့် စက်မှုဇုန်များ မှာလည်း ယခင် နှစ်များကဲ့သို့ မီး စက်ဖြင့် ဆီဝယ်သုံး မောင်းနှင်ရမည့် အခြေအနေ လျော့ နည်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

”လက်ရှိ ကောက်ခံမယ့်နှုန်းအ တိုင်းသာ ဆက်သွားမယ်ဆိုရင် မကြာ ခင်ကာလမှာ မီးမရသေးတဲ့ ကျေးရွာ တွေမှာ ဓာတ်အားခွဲရုံတွေ ဆောက်ပြီး မီးပေးနိုင်တော့ မှာပါ”ဟု ၄င်းကဆက် ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကို ရေအားမှ အဓိက ထားလုပ်ဆောင်သော်လည်း နွေရာသီ တွင် ရေမရှိ၍ ဓာတ်အားထုတ် လုပ်နိုင် မှု လျော့နည်းပြီး မီးပေးနိုင်မှုမှာလည်း လျော့ကျသွားခဲ့သည်။

ယင်းအပြင် ဓာတ်အားလိုအပ် ချက်များမှာလည်း နှစ်စဉ် ၁၅ ရာခိုင် နှုန်း တိုးမြင့်နေပြီး ယခုနှစ် ဓာတ်အား လိုအပ်ချက်မှာ ၁၈ဝဝ မဂ္ဂါဝပ်ရှိသော် လည်း လာမည့်နွေ ဓာတ် အားလိုအပ် ချက်မှာ ၂၅ဝဝ နီးပါးရှိကြောင်း ယင်း ဌာနမှ သိရသည်။

လက်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ အမြင့်ဆုံး ဓာတ်အား ထုတ်ပေး နိုင်သည့် မဂ္ဂါဝပ်မှာ ၁၈ဝဝ ကျော်ရှိပြီး ဓာတ်အားလိုအပ်ချက် ၆ဝဝ ကျော်ရှိ ကြောင်း၊ ဝန်ကြီးဌာန မှ လာမည့်နွေ တွင် ဓာတ်အား ၅ဝဝ မဂ္ဂါဝပ်သာ တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊မဂ္ဂါဝပ် ၁၅ဝ သာလို အပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အောင်ဇော်

Popular Myanmar News Journal

No comments:

Post a Comment