၃၀.၁၀.၂၀၁၃ရက်နေ့
၂၁၄၅အချိန်တွင် မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းရှိ
သီရိမင်္ဂလာတည်းခိုခန်း၏
ရေချိုးခန်းအတွင်း၌ အမျိုးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဒေါ်စန်းစန်းဦး (ဘ)ဦးဇော်အောင်၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူဖြစ်ပြီး ထမီရင်လျှားဖြင့်
ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ ပက်လက်အနေအထား
သေဆုံးနေသည်ကိုတွေ့ရှိ၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/
မဟုတ် ဘုရင့်နောင်နယ်မြေရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၈/၂၀၁၃)ဖြင့် စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

No comments:
Post a Comment